အခန်း(၄၉၁) တစ်သက်တာ ကံကောင်းခြင်း
အချိန်များကြာလာသည်နှင့်အမျှ အမျိုးမျိုးသော ချိတ်ဆက်မှု နယ်မြေများမှာ ဖွံ့ဖြိုးလာခဲ့၏။ လူသားများအကြားတွင် ပါရမီရှင် များပိုမိုများပြားလာကာ တော်ဝင်သူရဲကောင်းအဆင့် ရောက်ရှိနိုင် ခြင်းအတွက် အသက်အရွယ်များသည် ပိုမိုငယ်ရွယ်လာကြသည်။
သို့သော်လည်း မိသားစုခြောက်ခု၏ ပါရမီရှင်များသည်ပင် ပုံမှန်အားဖြင့် အသက်နှစ်ဆယ်(သို့)သုံးဆယ်အတွင်း၌သာတော်ဝင် သူရဲကောင်းအဆင့်တက်လှမ်းရန် အခွင့်အရေးရှိတတ်၏။အဆိုပါ လူများသည် တမူထူးခြားသောအရည်အချင်းရှိသူများ ဖြစ်ကြသည်။
သူ့ရှေ့မှ ကောလိပ်ကျောင်းသားသည် တော်ဝင်သူရဲကောင်း အဆင့်သို့ တက်လှမ်းနိုင်ပြီး အသက်ဝိညာဉ်တစ်ခုကိုပင် ဖွဲ့စည်းနိုင် ခဲ့သည်။ သူသည် အင်ပါယာမြို့တော်ကောလိပ်တွင် ပါရမီရှင်များ ကို တွေ့နေကျဖြစ်နေသော်လည်း မတတ်နိုင်တော့ဘဲ အံ့အားသင့် ပြီး ပျော်ရွှင်နေသည်။
[ ဒါက အနှစ်တစ်ရာမှာ တစ်ကြိမ်သာ ပေါ်ထွန်းနိုင်တဲ့ ရှားပါး ပါရမီရှင် တစ်ယောက်ပါလား… သူ့ကို ငါ့တပည့်အဖြစ် သိမ်းသွင်း နိုင်မယ့် နည်းလမ်းတစ်ခုကို ငါစဉ်းစားရမယ်… ဒီလိုမျိုး ပါရမီရှင် တစ်ယောက်ကို ငါသေချာပေါက် လက်လွှတ်လိုက်လို့မဖြစ်နိုင်ဘူး ]
ကျွင့်ထင်ယွီ သည် ဖုန့်ချိုးယန် အား သူ၏ဘွဲ့ရကျောင်းသား အဖြစ်သာ သိမ်းသွင်းချင်တော့၏။
စကားလုံးမဲ့ မော်ကွန်းကျောက်တိုင်၏ စွမ်းအားအောက်တွင် ဖုန့်ချိုးယန်သည် သူ့ဆေဘာဓားအား ဆက်တိုက်လေ့ကျင့်နေခဲ့ပြီး နောက်ဆုံးတွင် ထိုးထွင်းဉာဏ်အလင်းအချို့ ရရှိခဲ့သည်။ သူ့ရင်ထဲ မှ တစ်စုံတစ်ရာကို အပြည့်အဝ မထုတ်ဖော်ရသလိုခံစားနေရသော ကြောင့် မတတ်နိုင်တော့ဘဲ သူ့အစစ်အမှန်ခွန်အားနှင့် ဆေဘာဓား ချက်အား ကောင်းကင်ယံဆီသို့ ခုတ်ဖြတ်လိုက်ခြင်း ဖြစ်သည်….။
ခုတ်ဖြတ်လိုက်ပြီးနောက် ဖုန့်ချိုးယန် သည် သိသိသာသာ ငြိမ် သက်သွား၏။ လက်ဖဝါးဆေဘာကို ပြန်သိမ်းလိုက်ပြီး သူ့ရှေးဦး မူလစွမ်းအားကို ပေါင်းစပ်လိုက်သည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...