271 - 275

255 29 0
                                    

အခန်း(၂၇၁) ကျောက်တုံးရုပ်တု

        ‌မီးခိုးရောင်အငွေ့များ ခရမ်းရောင်လေခေါင်းလောင်းအတွင်း သို့ စုပ်ယူခံလိုက်ရသည့်အခါ ကျိုးဝမ်၏ မျက်နှာအမူအရာသည် သိသာစွာပြောင်းလဲသွားခဲ့သည်။

သတ္တုခရမ်းခေါင်းလောင်းများ၏ မျက်နှာပြင်ပေါ်တွင် ပြာ အလွှာတစ်ခုဖုံးလွှမ်းသွားပြီး မီးခိုးဖြူရောင်အဖြစ် ပြောင်းလဲလာခဲ့ သည်။ ထို့အပြင် ၎င်းသည် အလျင်အမြန်ကျောက်အဖြစ် ပြောင်းလဲ နေပြီး ခဏလေးအတွင်းကျောက်တုံးတစ်ခု ဖြစ်သွားနိုင်သည်။

        ကျိုးဝမ် သည် လုံးဝမတွန့်ဆုတ်ရဲပါ။ သူသည် ခရမ်းရောင်လေ ခေါင်းလောင်းကို အလျင်အမြန်လှုပ်လိုက်ပြီး အတွင်းတွင်ရှိနေသည့် မီးခိုးရောင်အငွေ့များ ထွေးထုတ်လိုက်သည်။

မီးခိုးရောင်အငွေ့များသည် ကျောက်တုံးချီဆီသို့ လွင့်ပျံသွားခဲ့ ပြီး ကျောက်တုံးနဂါးကြီး စုပ်ယူရန်သာ ရှိသည်။

ယခင်ကနှင့်မတူသည်မှာ မီးခိုးရောင်အငွေ့များသည် ကျောက် နဂါး အသက်ဝိညာဉ်ကို နှိမ်နင်းရာတွင် ထိရောက်ခြင်း မရှိပါ။ ကျောက်တုံးနဂါးသည် စွမ်းအင်များနှင့် တောက်ပနေသော်လည်း ကျိုးဝမ်လက်ထဲရှိ ခရမ်းရောင်လေခေါင်းလောင်းများသည် မီးခိုး ရောင်သန်းနေဆဲ ဖြစ်သည်။ ၎င်းသည် မီးခိုးရောင်အငွေ့များကို ထုတ်လွှတ်လိုက်ပြီးနောက်တွင် မူလအအသွင်အပြင်ဆီသို့ ပြန်မ ကောင်းမွန်နိုင်ဘဲ ဖြစ်နေသည်။

"ဒီကျောက်တုံးချီမှာ တစ်ခုခုမှားယွင်းနေတာ သေချာပေါက်ပဲ၊ တကယ်လို့ ဒီကောင်က ကျောက်တုံးရုပ်တုကို ဝါးမျိုလိုက်လို့ ဒီလို ဖြစ်သွားတယ်ဆိုရင် ကျောက်တုံးရုပ်တုက ဘာကြီးလဲ?

ဒီလောက်ကြောက်စရာကောင်းတဲ့စွမ်းအားကို ဘယ်လိုလုပ် ပြီး ရှိနေတာလဲ?

အို့ယန်လန်တို့အဖွဲ့ ကျောက်တုံးလိုဏ်ခေါင်းထဲမှာ ဘာတွေကို ထိပ်တိုက်တွေ့ခဲ့တာလဲ?"

အတွေးများစွာသည် ကျိုးဝမ် စိတ်အတွင်း ဖြတ်ပြေးနေခဲ့၏။

ကျောက်တုံးချီ  သည် ကြောက်မက်ဖွယ် ဟိန်းဟောက်လိုက် ပြီး ကျိုးဝမ်နောက် လိုက်လာခဲ့သည်။ ၎င်း မျက်လုံးများမှ အလင်း တန်းများ ပစ်လွှတ်နေပြီး ကျိုးဝမ်၏ လှုပ်ရှားမှုနည်းစနစ်သည် အလင်းတန်းကဲ့သို့ မြန်ဆန်သည်ကို ကျေးဇူးတင်ရမည် ဖြစ်ပြီး တိုက်ခိုက်မှုများကို တိမ်းရှောင်ခွင့်ရနေခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now