အခန်း(၄၅၆) ထူးဆန်းသော ရေတံခွန်ရေကန်
"မင်း ကံတော်တော်ကောင်းပါလား… မင်းရဲ့ ပထမဆုံး ရေဒြပ် စင်အမျိုးအစားမှင်စာက အမြုတေတစ်ခု ထုတ်လုပ်ပေးနိုင်ခဲ့တယ် ဒါပေမယ့် ကံဆိုးတာက တွဲဖက်သားရဲဥတစ်လုံး မဟုတ်ခဲ့ဘူး"
အန်ရှန့် ပြုံးပြီး ပြောလိုက်သည်။
ကျိုးဝမ် သည် ကျွန်းပေါ်ရှိ ရေဒြပ်စင်အမျိုးအစားမှင်စာများကို ဆက်လက်ရှာဖွေနေပြီး တွဲဖက်သားရဲဥတစ်လုံး ရရှိရန် မျှော်လင့်နေ ခဲ့သည်။ သို့သော်လည်း ကျန်းယုကျစ်သည် တွဲဖက်သားရဲဥများကို စိတ်ဝင်စားခြင်း မရှိပါ။ သူမသည် ခရီးသွားနေသကဲ့သို့ ဓာတ်ပုံများ သာ ရိုက်နေခဲ့သည်။
"ဘာကြောင့် အဲဒီရေဒြပ်စင်အမျိုးအစားမှင်စာတွေက နည်း နည်းကွာခြားနေတာလဲ"
ကျိုးဝမ်တို့အုပ်စုသည် ရေတံခွန်တစ်ခုဆီသို့ ရောက်ရှိသော အခါ ထူးဆန်းသော ရေဒြပ်စင်အမျိုးအစားမှင်စာတစ်ကောင်ကို သူတို့ မြင်လိုက်ကြသည်။
ရိုးရိုးရေဒြပ်စင်အမျိုးအစားမှင်စာများသည် အပြာရောင်ဖြစ်ပြီး စက်ဝိုင်းပုံစံရှိနေသော်လည်း အမှန်တကယ်အားဖြင့် ၎င်းတို့သည် ရေစက်များ၏ ပုံသဏ္ဍာန်သာရှိကြသည်။ သို့သော်လည်း ယခု ရေ ဒြပ်စင်အမျိုးအစားမှင်စာမှာ ငွေရောင်ဖြစ်နေသည်။ ရေစက်တစ်ခု နှင့် တူနေခြင်းမရှိဘဲ မြွေတစ်ကောင်လို ဖြစ်နေသည်။
"ဒါက အဆင့်မြင့်ရေဒြပ်စင်အမျိုးအစားမှင်စာတစ်ကောင် ဖြစ် နိုင်တယ် … တော်ဝင်သူရဲကောင်းအဆင့်တောင် ဖြစ်နိုင်တယ်…. သတိထားပါ"
အန်ရှန့်သည် တာဝန်သိစွာဖြင့် ပြောလိုက်သည်။
ကျိုးဝမ် သည် အမှန်တကယ်ပင် အလွန်သတိထားနေခဲ့သည်။ သူသည် ကျောက်တုံးချပ်ဝတ်ကို ဆင့်ခေါ်လိုက်ပြီး ငွေရောင်ရေမြွေ မှင်စာဆီသို့ ချဉ်းကပ်သွားခြင်းမရှိပါ။ သူသည် ဓားဘုရင်ကို ဆင်ခေါ် ပြီး အဝေးမှနေ၍ ခုတ်ပိုင်းဖြတ်လိုက်သည်။
ရေမြွေသည် ရှောင်တိမ်းခြင်း မရှိပါ။ ၎င်း၏ ပါးစပ်ကြီးဖွင့်ပြီး ငွေရောင်ရေများ ပန်းထုတ်လာခဲ့သည်။ သို့သော်လည်း ၎င်းထွေး ထုတ်လာခဲ့သည့် ရေများသည် တော်တော်ထူးဆန်းနေခဲ့သည်။ ၎င်း တို့မှာ အဆိပ်ရှိသောအစွယ်ပုံစံများ အမှန်တကယ်ဖြစ်နေခဲ့သည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...