151 - 155

302 27 0
                                    

အခန်း(၁၅၁) ကံကောင်းခြင်းကြေးနီသားရဲ

တားမြစ်ခြင်းမြို့တော်မှာ လုံးဝကိုထူးခြားနေသည်။ တစ်မြို့ လုံးမှာ ကြေးနီသားရဲများနှင့် ကြေးနီငှက်များသည် နေရာအနှံ့ရှိနေ ကြသည်။ သတ္တဝါငယ်လေးများ ဖြစ်ကြသည့် ယုန်များ၊ ကြွက်များ၊ စာကလေးများ နှင့် တောကောင်ကြီများဖြစ်ကြသည့် ကျားများ၊ မြေခွေးများ နှင့် ဒေါင်းငှက်များမှာ နေရာအနှံ့ရှိနေသည်။

ကြေးနီသားရဲအများစုမှာ သေမျိုးအဆင့်များ ဖြစ်ကြသည်။ ကျောင်းသူ၊ ကျောင်းသားများ၏ အိမ်စာတာဝန်မှာ သူရဲကောင်း အဆင့်ကြေးနီသားရဲ ၁၀ ကောင်ကို သတ်ဖြတ်ရန် ဖြစ်သည်။ ကြည့်ရသည်မှာ အလွန်ရိုးရှင်းလှသည်။

သို့သော်လည်း တွဲဖက်သားရဲတစ်ကောင်၏ ကာကွယ်မှုမရှိ ဘဲ ကြေးနီသားရဲအုပ်အတွင်းသို့ ချီတက်သွားရန်မှာ ကျောင်းသူ၊ ကျောင်းသား အလွန်အန္တရာယ်များနိုင်သည်။

အကယ်၍ သာမန်သေမျိုးအဆင့်ကျောင်းသားတစ်ယောက် သည် တွဲဘက်သားရဲမရှိသည်မှာ ဘာမှမဖြစ်သော်လည်း လီရွှမ် နှင့် အခြားသူများသည် တွဲဖက်သားရဲရှိပြီး အသုံးမပြုနိုင်ဘဲ ဖြစ်နေ သည်။ ထိုအချက်မှာ အလွန်မကျေမနပ်ဖြစ်နေသည့် ခံစားချက် ဖြစ်သည်။

"ဒီမှာ ကြေးနီသားရဲတွေ အများကြီးပါလား၊ ဘယ်တစ်ကောင် က သူရဲကောင်းအဆင့် ဖြစ်မှာလဲ?"

ကျိုးဝမ်သည် မြို့အတွင်းရှိ ကြေးနီသားရဲများကို ကြည့်လိုက် ပြီး ၎င်းတို့ကို ချက်ချင်း အမျိုးအစားမခွဲနိုင်ဘဲ ဖြစ်နေသည်။

"တားမြစ်ခြင်းမြို့တော်မှာ သူရဲကောင်းအဆင့်တွဲဖက်သားရဲ တစ်ကောင်ပဲရှိပြီး ကံကောင်းခြင်းကြေးနီသားရဲလို့ ခေါ်တယ်၊ ဒီနေရာမှာ သေချာပေါက်မရှိဘူး၊ ငါတို့အထဲကို နည်းနည်းလမ်း လျှောက်လိုက်မှ ထိပ်တိုက်ဆုံနိုင်လိမ့်မယ်"

လီရွှမ် သည် စကားခနရပ်ပြီး သေမျိုးအဆင့်တွဲဘက်သားရဲ များကို ညွှန်ပြလိုက်သည်

"မင်းအနေနဲ့ ဒီကောင်တွေကို မေ့ထားလိုက်တာ အကောင်း ဆုံးပဲ၊ ကဲလာ ကံကောင်းခြင်းကြေးနီသားရဲကို ရှာဖို့အတွက် အထဲ ကို ဝင်လိုက်ကြစို့"

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now