အခန်း(၄၄၆)
နောက်တစ်နေ့မနက် အိပ်ရာနိုးပြီး မနက်စာစားပြီးသည်နှင့် ကျိုးဝမ် သည် ဝမ်လုအတွက် နံနက်စာအချို့ ယူဆောင်ခဲ့သည်။
"နင် ပြန်လာပြီလား?"
ဝမ်လု သည် တံခါးဖွင့်လိုက်ပြီး အံ့ဩစွာ မေးလိုက်၏။
"မနေ့က ငါပြန်ရောက်တာ"
ကျိုးဝမ်သည် ဝင်လာခဲ့ပြီး နံနက်စာကို စားပွဲပေါ်တင်လိုက်၏။
"ကိစ္စတွေ ဖြေရှင်းပြီးသွားပြီလား?"
"ပြီးသလောက်ဖြစ်သွားပါပြီ"
ကျိုးဝမ် သည် စိတ်ဓာတ်များ တိုးမြှင့်နေသော်လည်း ဗျူရိုမှ နောက်ဆုတ်သွား၊ မသွားကို သူ မသိနိုင်ပါ။
"ကောင်းတာပေါ့…ငါတို့ရဲ့ အကြွေးတွေကို အခုဖြေရှင်းလိုက် ရအောင်.. နင်က ငါ့ဆီမှာနံနက်စာအကြွေးတွေ အများကြီး ပေးစရာ ရှိနေတယ်… နေ့လည်စာ ပြင်ဆင်ပေးဖို့လည်း လိုအပ်တယ်"
ဝမ်လု သည် အလေးအနက်ဖြင့် ကျိုးဝမ်မှ သူမကို ပေးရမည့် နံနက်စာများကို စာရင်းပြုစုထားခဲ့သည်။
ဝမ်လု၏ နံနက်စာကိစ္စပြီးသွားပြီးနောက် ကျိုးဝမ် သည် ရွှမ်ဝမ် ကလပ်သို့ သွားရောက်ခဲ့သည်။
"အဖိုးကြီး ကျိုး… မင်း ဘာလို့ အမြဲတမ်းပျောက်နေရတာလဲ? စိတ်ဝင်စားစရာ တစ်ခုခု ရှိနေရင်လည်း မင်းက ငါ့ကို တွဲခေါ်မသွား နိုင်ဘူးလား?"
လီရွှမ် ပြုံးရင်း ပြောလာခဲ့သည်။
"ငါက ပြဿနာနည်းနည်းတက်နေလို့ သွားပုန်းနေရတာလေ.. အဲဒါ ဘာပျော်စရာကောင်းပါ့မလဲ?"
ကျိုးဝမ် ကူကယ်ရာမဲ့စွာဖြင့် ပုခုံးတွန့်ပြလိုက်သည်။
နှစ်ယောက်သားစကားပြောနေစဉ် ဖုန်းချိုးယန်၊ မင်ရှို့ နှင့် ကောင်မလေးတစ်ယောက် လမ်းလျှောက်ဝင်လာသည်ကို မြင်လိုက် ရသည်။
ကျိုးဝမ် သည် မင်ရှို့ကို သိသော်လည်း ရွှမ်ဝမ်ကလပ်ကို ဘာ ကြောင့်ရောက်လာသည်ကို မသိပါ။ မင်ရှို့သည် ရွှမ်ဝမ်ကလပ်အဖွဲ့ ဝင်တစ်ယောက် မဟုတ်ပါ။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...