အခန်း(၁၃၁) ရတနာရွေးချယ်ခြင်း
ကျိုးဝမ်သည် တစ်ချိန်လုံး သေးငယ်သည့် လက်ဝါးရာလေးကိုသာ ရှာဖွေနေခဲ့သည်။ သို့သော် သူသည်ရှာမတွေ့ခဲ့ပါ။ သူသည် မြို့တံခါး များနှင့် အနီးအနားအဆောက်အဉီးများကို အကြိမ်များစွာ စေ့စေ့ စပ်စပ် ကြည့်ရှုစစ်ဆေးခဲ့သော်လည်း ရှာတွေ့ဖို့ ရှုံးနိမ့်သွားခဲ့သည်။
သို့သော်လည်း ဝင်ပေါက်များထက် မြို့နံရံများတွင်လည်း မည်သည့် သေးငယ်သည့် လက်ဝါးပုံစံများ မရှိခြင်းကြောင့် ဖြစ်သည်။
“သေးငယ်သည့်လက်ဝါးရာလေးက စောင့်ရှောက်သူနတ် ဘုရားနန်းတော်မှာများ ရှိနေမလား?”
ကျိုးဝမ်သည် တင်းကြပ်စွာ ပိတ်ထားသည့် စောင့်ရှောက်သူနတ်ဘုရားနန်းတော် တံခါးကြီးကို ကြည့်လိုက်မိသည်။“တကယ်လို့ အဲဒီပုံစံလေးက စောင့်ရှောက်သူနတ်ဘုရား နန်းတော်ထဲမှာ တကယ်ကြီးရှိတယ်ဆိုရင်တော့ ပြဿနာများပြီ၊
စောင့်ရှောက်သူနတ်ဘုရားနန်းတော်က တစ်နှစ်မှာ တစ်ရက်ပဲ ဖွင့်တာ၊ ပြီးတော့ အကြံဉာဏ်ပေးသူတွေကလည်း အထဲကို မဝင်ဖို့ ထပ်တလဲလဲသတိပေးထားတာ
အတိတ်တုန်းက တော်ဝင်သူရဲကောင်းအဆင့်ကျွမ်းကျင်သူ များသည် စောင့်ရှောက်သူနတ်ဘုရားနန်းတော်ကို ဝင်ရောက်ခဲ့ကြ သော်လည်း ယခုခေတ်မှာ မရှိကြတော့ဘူး၊
နောက်ထပ်ဆိုးတာက ငါက သေမျိုးအဆင့်ပဲရှိသေးတယ်”
ကျိုးဝမ်သည် မကျေမနပ်ခံစားနေရစဉ် ရုတ်တရက် နားဝင်ချို ပြီး တည်ကြည်လေးနက်သော ဂီတသံကို စောင့်ရှောက်သူနတ် ဘုရားနန်းတော်အတွင်းမှ ကြားလိုက်ရသည်။
ဂီတသံကို အဖော်ပြုပြီး ရာစုနှစ် ပေါင်းများစွာ ပိတ်ထားသည့် မြိုဝင်ဂိတ်တံခါးများသည် တဖြည်းဖြည်း ပွင့်လာသည်။ မြို့ဂိတ် တံခါးမှာ တောက်ပသည့် ခရမ်းရောင်အလင်းများဖြင့် ပြည့်နှက်နေပုံ မှာ မည်သူမဆို တည့်တည့်စိုက်ကြည့်လိုက်ပါက မျက်စိကျိန်း လောက်သည်။
ကျိုးဝမ် နှင့် အဖွဲ့သည် မြို့ဂိတ်တံခါးများတစ်ဘက်တွင် ရပ်နေ ကြသဖြင့် ကောင်းစွာမြင်နိုင်ကြသည်။ မြေအောက်ဟင်းလင်းပြင် သည် ရုတ်တရက် မျက်စိကန်းလောက်သည့်အလင်းရောင်ထွက် ပေါ်လာသည်မှာမြင့်မြတ်သည့်အလင်းရောင်သည် အက်ကွဲကြောင်း အကြားမှ ထွက်ပေါ်သလို ဖြစ်နေသည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...