အခန်း(၈၂၁) အတောင်ခြောက်ခုပါဆာရာဖိမ်၏ သခင်အသစ်
စစ်သားများက ကျိုးဝမ်ကို လေးစားမှုအပြည့်ဖြင့် ဝိုင်းရံထား သည်ကို ကြည့်ရင်း အန်ကျင့် ခံစားချက်များ ရောထွေးနေခဲ့သည်။ ထိုအရာသည် သူမလိုချင်ခဲ့ခြင်းဖြစ်သော်လည်း ရရှိခဲ့ခြင်း မရှိပေ..။
ကျိုးဝမ် … ဒီတစ်ကြိမ်တော့ ငါက မင်းကို အံ့အားသင့်စေမယ်
အန်ကျင့် တွေးနေခဲ့သည်။
ချင်ဝူဖူ သည်ပင် ရုန်းရင်ဆန်ခတ်ဖြစ်နေသည်ကို ကြားလိုက်ရ သောအခါ အပြင်ထွက်လာခဲ့သည်။ ကျိုးဝမ် ဖြစ်နေသည်ကို သူသိ လိုက်ရသောအခါ သူ့ကို ခေါ်လာရန် တစ်စုံတစ်ယောက်ကို ခိုင်းစေ ခဲ့သည်။
" ကျိုးလေး… မင်း စဉ်းစားပြီး စစ်သားတစ်ယောက်အဖြစ် လက်တွဲဖို့ ဆုံးဖြတ်လိုက်ပြီလား…"
ချင်ဝူဖူက ကျိုးဝမ်အတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်၏။
" ချီဟယ်မြစ်အနီးမှာ အတောင်ခြောက်ခုပါတဲ့ ဆာရာဖိမ် ပေါ် လာတယ် ကြားလို့ တစ်ချက်လာကြည့်တာပါ… ကျွန်တော့ကို အဲဒီ နေရာခေါ်သွားဖို့ တစ်ယောက်ယောက်လွှတ်ပေးဖို့ ဖြစ်နိုင်လား.."
ကျိုးဝမ် မေးမြန်းခဲ့သည်။
" ဒါက လွယ်ပါတယ်… ဒါပေမယ့် အဲဒီအတောင်ခြောက်ခုရှိတဲ့ ဆာရာဖိမ်၏ အစွမ်းက အရမ်းကြောက်စရာကောင်းတယ်.. သူက ရန်သူလား..သူငယ်ချင်းလား ငါ မသိဘူး… တကယ်လို့ ငါတို့က သူ့ကို ထိပ်တိုက်တွေ့မယ်ဆိုရင် မင်း ဂရုစိုက်ရလိမ့်မယ်.."
ချင်ဝူဖူသည် သူ့လက်ထောက်ကို မပြောခင် ကျိုးဝမ်ကို တိုက် တွန်းခဲ့သည်။
" ကျင့်လေးကို ခေါ်လိုက်ပါ…"
" အုပ်ချုပ်ရေးမှူး.. အန်ကျင့်ကို ရှာနေတာလား…"
ကျိုးဝမ်က ကမန်းကတန်း မေးမြန်းလိုက်သည်။
" ဟုတ်တယ်လေ… မင်းတို့က မိသားစုတွေပဲ.. သူမက လက်ရှိ မင်းပြောတဲ့ ဒေသကို စောင့်ကြည့်ဖို့ တာဝန်ယူထားတယ်.. သူမက မင်းကို ခေါ်သွားဖို့ ပြီးပြည့်စုံတဲ့ ရွေးချယ်မှုပဲ…"
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AventuraGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...