အခန်း(၆၀၆) ကောလိပ်လူသစ်လက်ခံခြင်း
အဆောင်သို့ ပြန်ရောက်သောအခါ ဧည့်ခန်းအတွင်း သေတ္တာ များစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် လီရွှမ် ပေးပို့ ခဲ့သော အရာများဖြစ်ဖွယ်ရှိသည်။ သူ့အပြင် လီရွှမ် နှင် အန်ရှန့်တွင် သာ သူ့နေရာအတွက် သော့ရှိခဲ့ကြသည်။ အန်ရှန့် သည် လာရန် အချိန်မရှိတာ ဖြစ်ကောင်း ဖြစ်နိုင်သည်။
ဘန်း…! ဘန်း….!
ကျိုးဝမ် သည် သူ့နောက်စေ့ကို ပြင်းပြင်းထန်ထန် နားရင်းအုပ် ချက် နှစ်ချက်ခံလိုက်ရချိန်တွင် အတွင်းသို့ ဝင်ခါစ ရှိသေးသည်။ သူ့ အမြင်အာရုံများမည်းမှောင်သွားသလို မြေပြင်ပေါ်သို့ လဲကျသွား၏။
ထိတ်လန့်သွားခဲ့ပြီး သူ သတိပြုမိခြင်းလုံးဝမရှိဘဲ ဘယ်လိုလူ က အလစ်တိုက်ခိုက်နိုင်သည်ကိုပင် မသိခဲ့ပါ။
သူ့ကိုယ်သူ အားတင်းပြီး ရှေ့တိုးရင်း တန်ပြန်တိုက်စစ်ဆင် ရန် ပြင်ဆင်လိုက်သည်။
သို့သော် သူ လှည့်ကြည့်လိုက်သောအခါ သူ့နောက်ဘက်တွင် မတ်ရပ်နေသော တောင်ဆိတ်ကိုတွေ့လိုက်ရပြီး ဒေါသတကြီးဖြင့် ကြည့်နေခဲ့သည်။ ငှက်ပေါက်လေးကလည်း တံခါးဘောင်မှာ ရပ်နေ ပြီး သူ့ကို မကျေမနပ်ဖြင့် ကြည့်နေ၏။
[ အိုး…သွားပြီ..အရင်တုန်းက ဝမ်လုက အနားမှာ ရှိလို့ အပြင် သွားလို့ရှိရင် ဒီနှစ်ကောင်ကို အာရုံစိုက်စရာမလိုအပ်ဘူး … သူတို့ ကိုယ်တိုင်ကလည်း ဝမ်လုဆီ ပြေသွားကြတာ… အခု သူမ ပြန်သွား ပြီ.. ဒီကောင်တွေ သွားစရာ နေရာမရှိတော့ဘူး… ဒီအကြောင်းကို ငါဘယ်လိုလုပ် မေ့သွားရတာလဲ… ]
ကျိုးဝမ် သည် တောင်ဆိတ်နှင့် ငှက်ပေါက်လေးတို့၏ ဒေါသ ထွက်နေသောအမူအရာကို မြင်ရသောအခါ တုန်လှုပ်သွားသည်။ သူ သည် အလျင်အမြန် ပြုံးပြရင်း လေပြေထိုးလိုက်သည်…
"စိတ်မဆိုးပါနဲ့ကွာ… ဒီတစ်ခေါက် ငါ အပြင်သွားတာက မင်း တို့အတွက် စပါရှယ်အစားအသောက်တွေ စုဆောင်းဖို့ သွားတာပါ.. ဒါလေးက မင်းတို့အတွက် ငါရှာတွေ့ခဲ့တဲ့ အရာလေး….."
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...