အခန်း(၅၃၆) အုပ်ထိန်းသူ
" မင်းက ငါ့ကို ဂျွန် ကိုဆက်ဆံသလိုမျိုး မဆက်ဆံဘူးဆိုတာ ငါဘယ်လိုလုပ်ပြီး သိနိုင်မလဲ…"
ကျိုးဝမ် က အတောင်ခြောက်ခုပါသော ဆာရာဖိမ်ကို ပြော လိုက်သည်။
"အုပ်ထိန်းသူတွေက တိုက်ခိုက်ဖို့အတွက် မွေးဖွားလာကြတာ … တကယ်လို့ မင်းက တိုက်ပွဲမှာ ရှုံးနိမ့်မယ်ဆိုရင် ဘာအကြောင်းနဲ့ ငါ့ကို မင်းနဲ့အတူဆက်နေခိုင်းမှာလဲ… မင်းမှာထပ်ပြီး တိုက်ခိုက်နိုင် စွမ်းရှိနေသရွေ့ မင်းကို ငါက အမြဲကာကွယ်ပေးနေမှာပါ…"
အတောင်ခြောက်ခုပါသောဆာရာဖိမ် က ဆိုလိုသည်။
"မင်း ပြောတာ အဓိပ္ပါယ်ရှိတယ်… ဒါဆို မင်းကို ငါ့ အုပ်ထိန်း သူဖြစ်အောင် ငါဘာလုပ်ရမလဲ.."
ကျိုးဝမ် ထပ်မေးလိုက်သည်။
"ဒါက အရမ်းရိုးရှင်းပါတယ်… မင်းလုပ်ရမှာက ငါ့လက်ဖဝါးထဲ ကို သွေးတစ်စက်ချလိုက်ဖို့ပဲလိုအပ်တယ်… ငါ့ကို ထုံးတမ်းစဉ်လာ အတိုင်းပြီးအောင် လုပ်ဖို့ ခွင့်ပြုလိုက်ပါ…"
အတောင်ခြောက်ခုပါသောဆာရာဖိမ်က လက်ဖဝါးကို ဆန့် ထုတ်ပြီး ပြောလာခဲ့သည်။
"ကောင်းပြီ"
ကျိုးဝမ် က သူ့လက်ညှိုးကို ဖြတ်ပြီး သူ့လက်အား အတောင် ခြောက်ခုပါသောဆာရာဖိမ်၏ လက်ဖဝါးဆီသို့ ဆန့်တန်းခဲ့သည်။ အတောင်ခြောက်ခုပါသောဆာရာဖိမ်၏ လက်ဖဝါးပေါ်သို့ ဆင်း သက်တော့မည့် သူ့သွေးတစ်စက်ကို မြင်နေရင်း… ဘယ်ဘက်လက် တွင်ရှိသောဝါးဓားက လျှပ်စီးလက်သလိုအတောင်ခြောက်ခုပါသော ဆာရာဖိမ်၏လည်မျိုအား ခုတ်ဖြတ်ခဲ့သည်။
ကလန်…!
အတောင်ခြောက်ခုပါသောဆာရာဖိမ်နောက်ဘက်ရှိအတောင် များက ထီးကဲ့သို့ သူ့ခန္ဓာကိုယ်ကို ကာကွယ်လိုက်ပြီး ကျိုးဝမ်၏ ဝါး ဓားခုတ်ချက်အား ပိတ်ဆို့ခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် ဆက်တိုက် နောက်ဆုတ်သွားခဲ့သည်။
"လူသား…မင်းက စိတ်ခံစားချက်များလွန်းတယ်…"
အတောင်ခြောက်ခုပါသောဆာရာဖိမ် က နောက်သို့ရွေ့လျား နေသည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...