121 - 125

326 29 2
                                    

အခန်း(၁၂၁) ထိလို့မရသည့် ကျောက်တုံး ဆေဘာ

“ကြီးကြပ်ရေးမှူး၊ အဖွဲ့ချုပ်ကလာတဲ့သတင်းအရ ပင်လယ် ပိုင်းက မျိုးနွယ်ခြားသတ္တဝါတစ်ကောင်ကျွံထွက်လာပြီး အရှေ့ပိုင်း ကို ထိုးဖောက်စိမ့်ဝင်ရောက်လာတယ် ပြောတယ်၊ ကြည့်ရတာ ကျွန်တော်တို့ဆီ လာနေတာထင်တယ်”

အန်ရှန့်သည် ဖက်စ်မှ ပေး ပို့လာသည့် မှတ်တမ်းကို ကိုင်ထားပြီး ပြောလိုက်သည်။

“မျိုးနွယ်ခြားသတ္တဝါက ဘယ်အဆင့်လဲ?”
အန်ထျန်းကျို မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

“ကျွန်တော်လည်း မသေချာဘူး၊ ဒါပေမယ် မှတ်တမ်းဖော်ပြ ချက်အရဆိုရင် ပင်လယ်ကမ်းခြေစောင့်တပ်ကို အလွယ်တကူ မဖြတ်နိုင်ခဲ့ဘဲ ဒဏ်ရာအချို့တောင် ခံစားခဲ့ရသေးတယ်၊ သာမန် တော်ဝင်သူရဲကောင်းအဆင့်သတ္တဝါဖြစ်မယ်ထင်တယ်”

အန်ရှန့် သည် မှတ်တမ်းကို ကြည့်ပြီး ဆက်ပြောလိုက်သည်။

“ဒါပေမယ့်လည်း အဲဒီကောင် ကမ်းခြေစောင့်တပ်ကို ဖြတ်ပြီး နောက်မှာ အဖွဲ့ချုပ်ကတောင် ခြေရာခံလို့ မရတော့ဘူး၊ သူတို့ တစ်စွန်းတစ်ကျန်ရှိတဲ့ လက္ခဏာနဲ့ လမ်းကြောင်းကို ရှာတွေ့လိုက် တယ်၊ အဲဒါက လော့ယန်ကို ဖြတ်သွားနိုင်တယ်တဲ့၊ အဖွဲ့ချုပ်က ကျွန်တော်တို့ကို အဲဒီကောင်ကို ရပ်တန့်ဖို့ ပူးပေါင်းစေချင်နေတယ်၊ ကြီးကြပ်ရေးမှူး ဘယ်လိုဆောင်ရွက်ချင်ပါလဲ?”

“လုံခြုံရေးကို ပိုတင်းကြပ်လိုက်၊ အသစ်စမ်းသပ်ထားတဲ့ရှေးဉီး မူလရွှေကျည်ဆန်ကို ဖြန့်ဖြူးထားလိုက်၊ မင်း အဲဒါကို မသတ်နိုင် တောင်မှ လော့ယန်မှာ အဲဒီကောင်စိတ်တိုင်းကျလုပ်ချင်တာ လုပ်မှာကို ခွင့်မပြုနိုဘူး”

အန်ထျန်းကျို အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ ကြီးကြပ်ရေးမှူး”

အန်ရှန့် သည် အမိန့်ရသည်နှင့် ထွက်ခွာသွားသည်။

သူရဲကောင်းအဆင့် အမှန်တရားနားထောင်သူ၏ အကြား အာရုံဖြင့် ကျိုးဝမ်သည် ရေထဲမှ ငါးလိုခံစားရသည်။ ရက်အနည်း ငယ်ကြာပြီးနောက် ကျိုးဝမ်သည် နောက်ဆုံးတွင် ရှေးဟောင်း အင်ပါယာဆုဒြာ၏ အကြောင်းအရာအားလုံးကို လုံးဝမှတ်မိအောင် ဆောင်ရွက်သွားနိုင်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now