အခန်း(၇၃၁) နည်းပြ… မင်းက လူကောင်းတစ်ယောက်ပါ
ဘီလ်….!
ကျိုးဝမ်သည် သစ်လုံးပေါ်တွင် ထိုင်ပြီး ဂိမ်းနှိပ်နေစဉ် ဖုန်းမြည် သံကို ရုတ်တရက် ကြားလိုက်ရသည်။ သူ ဖုန်းကိုင်လိုက်သောအခါ ဖုန့်ချိုးယန်ထံမှ ဖြစ်ကြောင်း နားလည်သွားခဲ့သည်။
" နည်းပြ.. မင်းက လူကောင်းတစ်ယောက်ပါ.. အနာဂတ်မှာ မင်းက အကောင်းဆုံးလူနဲ့ တွေ့မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် … ဆေဘာဓားလေ့ကျင့်ခြင်းအပေါ်မှာသာ ကျွန်တော် အာရုံစိုက် ထားချင်ပါတယ်… ကိုယ်ရေးကိုယ်တာပြဿနာတွေကို စဉ်းစားဖို့ အစီအစဉ်မရှိပါဘူး..မင်းကြောင့် မဟုတ်ပါဘူး…ကျွန်တော့် ကြောင့် ပါဗျာ.."
ကျိုးဝမ် ကြောင်တောင်တောင်ဖြစ်သွားပြီး ဘာတွေဖြစ်နေ မှန်း မသေချာမရေရာ ဖြစ်နေသည်။
ဖုန့်ချိုးယန်သည် အများအားဖြင့် အေးဆေးနေသူဖြစ်သည်။ သူ့ဆေဘာဓားနည်းစနစ်များကို လေ့ကျင်းခြင်းမှလွဲပြီး အခြားသူ များကို စကားပြောခဲသည်။ အဘယ့်ကြောင့် ယခုလို ထူးဆန်းသော မက်ဆေ့ခ်ျကို ရုတ်တရက် ပေးပို့လာရသနည်း…။ သူ့ပုံစံနှင့် လုံးဝ မတူသလိုပင်…။
[ သူလည်း ငါ့လို ဖုန်းဟတ်ခ်ခံရတာဖြစ်နိုင်လား…]
ကျိုးဝမ် တွေးမိသောကြောင့် ဖုန့်ချိုးယန်ထံသို့ မက်ဆေ့ခ်ျတစ် စောင်ပေးပို့လိုက်သည်။
" ယန်ယန်လေး… မင်းလည်း ဟတ်ခ်ခံရတာလား.."
ဖုန့်ချိုးယန်သည် ကျိုးဝမ်ထံမှ စာကို ရရှိပြီး သူ့အား ယန်ယန် လေးဟု ခေါ်ထားသည်ကို မြင်ရသောအခါ အကြောင်းပြချက် တစ်ခု ခုကြောင့် ရုတ်တရက် ကျောချမ်းသွားခဲ့သည်။
လီရွှမ် က သူ့ကို အဆိုပါနာမည်ပြောင်အားပေးထားခဲ့ခြင်း ဖြစ် သည်။ သူသည် အဆိုပါနာမည်ပြောင်နှင့် အခေါ်ခံရသည်ကို ကျင့် သားရနေပြီဖြစ်သောကြောင့် မည်သို့မျှ ခံစားရခြင်း မရှိပါ။ သူ့စိတ် ထဲတွင်ပင် ရှိမနေခဲ့ပါ…။
သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် ယနေ့တွင် အဆိုပါ နာမည်ပြောင်ကို တွေ့လိုက်ရသောအခါ နည်းနည်းထူးဆန်းသွားခဲ့ သည်။ သူ့ကို ဆန်းကြယ်စေပြီး ဖော်မပြနိုင်သော အပြုအမူတစ်ခု ဖြစ်စေသည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...