အခန်း(၈၂၆) သန့်စင်သောဖုန်မှုန့်
၎င်းတို့သည် အမှုန်အမွှားနှင့်တူသော ခရမ်းရောင်တစ်လုံး ဖြစ် သည်။ ကျိုးဝမ်၏ မျက်ခုံးများကြားတွင် ကျောက်မျက်ရတနာလိုမျိုး တောက်ပသော နတ်အလင်းကို ထုတ်လွှတ်နေခဲ့သည်။
အသက်ဝိညာဉ် : သန့်စင်သောဖုန့်မှုန့်များ (ရှေးဦးမူလခန္ဓာကိုယ်)
သန့်စင်သောဖုန်မှုန့် : သန်းပေါင်းများစွာသော ဂလက်ဆီများသည် အကန့်အသတ်မဲ့စကြာဝဠာ၏ ဖုန်မှုန့်များသာ ဖြစ်သည်။ သေးငယ် သော ဖုန်မှုန့်အမှုန်အမွှားများမှာ ကမ္ဘာပေါင်း ထောင်ပေါင်းများစွာ ဖြစ်နိုင်သည်။
ကျိုးဝမ် သည် သန့်စင်သောဖုန်မှုန့်အသက်ဝိညာဉ်ကို ကြည့်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာ အစွမ်းထက်သော ကြယ်စင်များ ထွက်ပေါ်လာ သလို ခံစားရသည်။ ကျိုးဝမ်၏ စိတ်အတွင်းသို့ သေးငယ်သော အချက်အလက်အနည်းငယ် ဝင်ရောက်လာပြီး သန့်စင်သောဖုန်မှုန့် အကြောင်းကို အကြမ်းဖျင်း နားလည်နိုင်စေခဲ့သည်။
သန့်စင်သောဖုန်မှုန့်ဟု ခေါ်သော်လည်း အမှန်တကယ်အား ဖြင့် သေးငယ်သော ကြယ်ပွင့်တစ်ခု ဖြစ်သည်။ သန့်စင်သောဖုန်မှုန့် အသက်ဝိညာဉ် နှင့် အိတ်ဆောင်စကြာဝဠာ ဘဝစောင့်ရှောက်သူ နတ်ဘုရားဖြင့် ကျိုးဝမ်သည် စကြဝဠာကို ဖြတ်သန်းကာ ခရီးသွား နိုင်ပါပြီ…။
ဤသည်မှာ မြို့ပြနိုင်ငံအသက်ဝိညာဉ်၏ စွမ်းရည်နှင့် အနည်း ငယ် ဆင်တူသည်။ ကွာခြားသည်မှာ သန့်စင်သောဖုန်မှုန့်အသက် ဝိညာဉ်သည် ဂြိုဟ်များအကြား သွားလာရန်သာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ အိတ်ဆောင်စကြာဝဠာအတွင်း၌ ကြယ်များရှိနေသရွေ့ ကျိုးဝမ်သည် သန့်စင်သောဖုန်မှုန့်၏ စွမ်းရည်ကို အသုံးပြုပြီး အဆို ပါ ဂြိုဟ်များဆီသို့ သွားလာနိုင်သည်။
ဥပမာ - လ၊ ဗီးနပ်စ်၊ ဂျူပီတာ၊ မာကျူရီ၊ မားစ်၊ စေတန် တို့ကဲ့ သို့ ကမ္ဘာဂြိုဟ်နှင့် အတော်အတန်နီးကပ်သော ဂြိုဟ်များအပြင် လနန်းတော် ၂၈ ခုရှိ ဂြိုဟ်များ (သို့) ပို၍ဝေးကွာသော ဂြိုဟ်များသို့ ပင် သွားရောက်နိုင်သည်။ ၎င်းတို့အားလုံးသည် အိတ်ဆောင်စကြာ ဝဠာအတွင်းမှာ ရှိနေသရွေ့ သန့်စင်သောဖုန်မှုန့်ကို အသုံးပြုပြီး တယ်လီပို့နိုင်သည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990 ထိ )
AdventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...