926 - 930

222 17 0
                                    

အခန်း(၉၂၆) တယ်လီပို့ခြင်းများ မှားသွားတာလား…?

အပြာရောင်အလင်းတန်းများ ပေါင်းစပ်ထားသော အရည်ကန် တစ်ခုဖြစ်သည်။ ရေကန်၏ အပြင်ဘက်သည် မီးတောင်နှင့်တူသော အဝိုင်းပုံသဏ္ဍာန်တောင်ကြီးတစ်ခု ရှိနေသည်။

     အကယ်၍ ဤအရာမှာ အမှန်တကယ်မီးတောင်ဖြစ်နေခဲ့လျှင် ရေကန်အတွင်းရှိ အရည်များမှာ မဂ္ဂမာချော်ရည်များ ဖြစ်သင့်သည်။ သို့သော် ရေကန်အတွင်းရှိ အရည်များသည် အပြာရောင်အလင်း တန်းများ ပေါင်းစပ်ပါဝင်သည်။ အပူချိန်မှာ မြင့်မားခြင်းမရှိသလို နည်းနည်းပင် အေးစက်နေလျက်…။

ရေကန်၏အောက်ခြေတွင် သလင်းကျောက်များစွာရှိနေပြီး ၎င်းတို့မှာ အတူတကွ စီစဉ်ထားရှိနေသလိုပင်..။

        ဘွန်း…

    ကျိုးဝမ်က သလင်းကျောက်များကို လေ့လာနေစဉ် ရေကန် အတွင်းရှိ အပြာရောင်အရည်များက မီးတောက်ပေါက်ကွဲသလိုမျိုး  ပန်းထွက်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ကျိုးဝမ်သည် ကျောက်နံရံကို အမြန်မှီပြိး အပြာရောင်အရည် များ ပန်းထွက်လာသည်ကို စောင့်ကြည့်နေခဲ့သည်။ တစ်ချိန်တည်း မှာပင် သလင်းကျောက်လိုမျိုးအရာဝတ္ထုအများအပြားကို လွှင့်ထုတ် လာခဲ့သည်။

      ထို့နောက် အပြာရောင်အရည်များသည် မီးတောင်ဝအတွင်းသို့ ပြန်လည်ကျဆင်းလာခဲ့သည်။

သလင်းကျောက်လိုအရာဝတ္ထုများသည် ပြင်ပလေနှင့် ထိတွေ့ ပြီးနောက်တွင် သူတို့သည် ထူးခြားသောဓာတုဗေဒဆိုင်ရာ ဓာတ်ပြု မှုတစ်ခု ချက်ချင်းထွက်ပေါ်လာခဲ့သည်။ သလင်းကျောက်လိုမျိုး အရာဝတ္ထုများသည် မြေခွေးများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲ သွားကြသည်။ မြေခွေးများသည် ကောင်းကင်မှ ပြုတ်ကျလာပြီး သူတို့၏မျက်လုံးများက အပြာရောင်အလင်းတန်းများနှင့် ပေါင်းစပ် သွားခဲ့သည်။

        [ ဒီမြေခွေးတွေ …. သမင်လှေကားထစ်ပွဲကြည့်စင်အတွင်းက မြေခွေးနတ်ဆိုးတွေနဲ့ ဘာလို့ တူနေရတာလဲ… ]

ကျိုးဝမ်သည် မီးတောင်ထိပ်ဝအထိ တိတ်တဆိတ်တွားသွား တက်သွားခဲ့ပြီး အပြင်ကို လှမ်းကြည့်နေခဲ့ရာ ထူးဆန်းမှုကို ရှာတွေ့ သွားခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now