(Unicode)
နွေဦး ကာလတစ်ခုတွင်ဖြစ်သည်.... ထိုနေ့တွင် အိမ်တော်ကြီးဆီသို့ ကလေးမလေးတစ်ယောက် စာပို့လှည်းလေးစီးပြီး ရောက်လာခဲ့သည်။
ထိုနေ့ မွန်းလွှဲပိုင်းအချိန်မှာ ဥယျာဥ်မှူး ဘေးလ် ရမ်မာ တစ်ယောက်တော့ နှင်းဆီပန်းတွေနဲ့ အလုပ်ရှုပ်နေခဲ့သည်။
"ဦးဦးက ဘေးလ် ရမ်မာ လားရှင့်" ကလေးမလေး က နူးညံ့တဲ့ အသံလေးနှင့် သေသေချာချာ မေးလိုက်သည်။ဘေးလ် ရမ်မာ စိတ်ရှုပ်သွားသည့် အသွင်နဲ့ ထိုင်နေရာကနေ ထရပ်လိုက်သည်။
"အေး ငါပဲ ဘေးလ် ရမ်မာဆိုတာ"
ဘေးလ်က မြက်ခြောက်နဲ့ လုပ်ထားတဲ့ ဦးထုပ်ကို ဆွဲချွတ်လိုက်သည်။ တဆက်ထဲမှာပဲ သူ့အင်္ကျီပေါ်က အမှုန်အမွှားတွေကို လက်နဲ့ ခါချပစ်နေသည်။ခက်ထန်ပြီး နေလောင်ထားတဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရတဲ့ အခါ ကလေးမလေး လန့်သွားခဲ့သည်။ သူမ မသိမသာလေး တံတွေးမြိုချလိုက်သည်။
ဘေးလ် ရမ်မာဖို့ ဒါဟာ အဆန်းကြီး မဟုတ်တော့။ သူ့ကို စစချင်းတွေ့တဲ့ သူတိုင်း သူ့ရဲ့ ခက်ထန်တဲ့ အသွင်အပြင်ကိုမြင်တဲ့အခါ ကြောက်ရွံ့သွားတတ်ကြ သည်။
"မင်းက ဘယ်သူလဲ" ဘေးလ် မျက်မှောင်ကြုံ့ပြီး ကလေးမလေးကို မေးလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ် ဦးလေး ဘေးလ်။ သမီးက လေလာ လီဝေလ်လင်ပါ။ လိုဗီတာ ကနေ လာခဲ့တာပါ" ကလေးမလေးက စကားတစ်လုံးချင်းဆီ ရှင်းရှင်းလင်းလင်း ဖြေပေးရှာသည်။
လိုဗီတာ... ကလေးမလေးရဲ့ အသံနေအသံထားက ဘာလို့ ဒီကနေလူတွေနဲ့ ကွဲပြားနေမှန်း နောက်ဆုံးတော့ ဘေးလ် သိလိုက်ရပြီ။
"မင်း နယ်စပ်ကို ဖြတ်ပြီး ဒီအထိ တစ်ယောက်ထဲ လာခဲ့တာလား?"
"ဟုတ်။ သမီး တစ်ယောက်ထဲ ရထားစီးပြီး လာခဲ့တာပါ"
ကလေးမလေး ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်သည်။ ပြီးတော့ သူမ ပြုံးပြလိုက်သည်။
YOU ARE READING
မြို့စားမင်း၏ တေးဆိုငှက်ငယ်
Romance#fanstrans **All credits go to original Author-nim and english translators! (Unicode + Zawgyi) ဟာဟတ်(ဒ်) အိမ်တော်ရဲ့ အပြောင်မြောက်ဆုံး ရလဒ်၊ နိဗ္ဗာန်ဘုံသမျှ လှပသည်ဟု တင်စားရသော အားဗစ်မြို့၏ အရှင်သခင်၊ ငှက်လေးများကို အပျော်တမ်း အမည်းလိုက်တတ်သ...