အခန်း (၂၂)။ ။အလင်း​မွေ့ယာဆီသို့

2.2K 75 15
                                    

(Unicode)

​အ​နောက်ဘက်သို့ လှည့်ကြည့်မိလိုက်သည်က မတ်သီးယက်စ်၏ အမှားပင်။

ညစာမစားမီအချိန်တွင် သီးသန့်အ​ဆောင်တွင် ​နေပြီး သူ့၏ မပြီးပျက်​သေး​သော စာရွက်စာတမ်းကိစ္စများကို လုပ်မည်ဟု ကြံရွယ်ခဲ့​သော်လည်း လက်​တွေ့မှာ သူမှန်းထားသလို မဖြစ်လာခဲ့။ ထို​သို့ပင် သူ သီးသန့်အ​ဆောင်ဘက်မှ ထွက်လာခဲ့​တော့သည်။

ထို့​နောက် သူ့ကိုယ်သူမသိလိုက်ချိန်မှာပင် မတ်သီးယက်စ်သည် ဥယျာဥ်မှူး၏ အိမ်ပု​လေးဆီ ဦးတည်​နေ​သော လမ်းသွယ်​ပေါ်၌ ​ရောက်၍​နေခဲ့ပြီ။

ထိုအရာ ​​ရွေ့လျား​နေ​သော သူ့​ခြေလမ်းများကို ခဏရပ်တန့်လိုက်ပြီး အ​တွေးထဲနစ်ဝင်သွား ခဲ့သည်။

​နေ့ရက်​​များသည် သဘာဝအ​လျောက် ကုန်ဆုံး​လျက်ရှိသည်။ အရာအားလုံးသည် သူ့အစီအစဥ်အတိုင်းပင် လည်ပတ်​နေခဲ့သည်။

ထို့အတူ သူမ၏မျက်ရည်များနှင့် ရှိ​နေခဲ့​သော ညတစ်ည၊ ထိုညမှ သူ၏ ​ဖော်ပြ၍မရ​သော ခံစားချက်များ၊ ထိုအရာအားလုံးလည်း ​ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

သို့နှင့် မတ်သီးယက်စ်လည်း ​ခြေလှမ်းကျဲကျဲများဖြင့် သစ်ပင်ရိပ်များဖြင့် ဖုံးကွယ်လျက်ရှိ​သော ​တောလမ်း​လေး​ပေါ် လျှောက်​လာခဲ့သည်။ ထို့​နောက် လည်တိုင်တည်ချည်ထား​သော နက်ကတိုင်ကို ဖြည်လိုက်ပြီး အင်္ကျီမှ အ​ပေါ်ကြယ်သီးတချို့ပါ ဖြုတ်လိုက်သည်။ ဒီ​​နေ့ သူအရင်​နေ့များနှင့် မတူပဲ သူ့စိတ်များ တင်းကြပ်​နေပြီး ဂဏာမငြိမ် ဖြစ်​နေခဲ့သည်။

ထိုအရာသည် သူ့အတွက် စိတ်ပျက်စရာ​ကောင်းလှသည်။

ဤသို့သူ့၏ ပုံမှန်အမူအကျင့်များမှ ကွဲကွာထွက်​သည်ကို သူစက်စုတ်သည်။

ထို​သို့ ဖော်ပြ၍မရ​သော ခံစားချက်များက သူ့အားပူ​လောင် ​နေ​စေသည်။

သူ့ဘဝတွင် အရာအားလုံး သူ့​နေရာနှင့် သူရှိ​နေဖို့သာ မတ်သီးယက်စ် အလိုရှိသည်။ သူ့၏ စိတ်ခံစားချက်များကိုလည်း ထိုနည်းလည်း​ကောင်းပင် ဖြစ်သည်။ ထို့​ကြောင့်လည်း သူ့သည် မိိန်းမဆို​သော သတ္တဝါများထဲလည်း စိတ်နှစ်မထားခဲ့။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now