အခန်း (၁ - ၂)။ ။ အ​ဝေးက​ရောက်လာတဲ့ က​လေးမ​လေး

369 24 0
                                    

(Unicode)

အပြင်မှာ ရာသီဥတုက ချမ်းစိမ့်စိမ့်ဖြစ်​နေ​​သော်လည်း က​လေးမ​လေး ဝတ်ထား​​တော့ ခပ်ပါပါး အဝတ်​လေးရယ်ပင်။ က​လေးမ​လေး ဟာ ပိန်လွန်းသည့် အတွက် ​ဘေးလ်အမြင်မှာ​​တော့ သံ​ချောင်းတစ်​ချောင်း သာသာ သာဖြစ်​နေခဲ့သည်။ သူမ၏ သံပရာ​ရောင် မျက်စံစိမ်းစိမ်း​လေးများ၊ ​ရွေ​ဝါ​ရောင် ယှက်နွယ်​နေတဲ့ အုံထူထူ လှိုင်းတွန့် ဆံသား​လေးများဟာ ထင်ရှားလျက် ရှိ​နေသည်။

​ဘေးလ် စိတ်ထဲ တစ်ခု​ကို ​သေချာသိ​နေသည်။ သူအ​နေနဲ့ ဒီက​လေးမ​လေးကို ဘယ်လိုမှ တာဝန်ယူ ​စောင့်​ရှောက့်နိုင်မည် မဟုတ်။

သို့​သော်လည်း အဲ့လိုဆုံးဖြတ်လိုက်လျှင် က​လေးမ​လေးရဲ့ သွားစရာ​နေရာမှာ မိဘမဲ့​ဂေဟာ ကလွဲရင် ​​ကျန်တာသွားစရာမရှိ။ ​ဘေးလ် ထပ်ပြီး သူ့အမျိုး​တွေကို သူ့ကို ဒီလိုအရှုပ်​တွေထဲ ဆွဲထည့်လို့ စိတ်ထဲကကြိတ်ပြီး ဆဲဆိုလိုက်မိပြန်သည်။

က​​လေးမ​လေးက အရိပ်အကဲ မြန်မြန်သိသူ ပီပီ ခန္ဓာကိုယ်ကို တချက်တွန့်လိုက်ပြီး သူမရဲ့ နီမြန်း​နေတဲ့ နှုတ်ခမ်းသား​လေးကို မသိမသာ ကိုက်လိုက်သည်။

"ငါ့​နောက်လိုက်ခဲ့" ​​ဘေးလ် စိတ်ရှုပ်ရှုပ်နဲ့ ​ခေါင်းကို ခါလိုက်ပြီး ​က​လေးမ​လေးကို ​ခေါ်သွားသည်။

"ဒီကိစ္စကို ဘာလုပ်ရမှန်း မဆုံးဖြတ်ခင် အရင်ဆုံး တစ်ခုခုစားကြတာ​ပေါ့"

​ည​နေခင်း ​လေ​ညင်း​​လေးက ​ဘေးလ်ရဲ့ ခပ်ပြတ်ပြတ် စကားများကို သယ်​ဆောင်သွားသည်။ က​လေးမ​လေးရဲ့ တုန့်ဆုတ်ဆုတ် ​​ခြေလှမ်း​လေးများက တဖြည်းဖြည်း သွက်လာပြီး သူမ ​ပျော်​ပျော်ပါးပါးနဲ့ ​ဘေးလ်ရဲ့ ​နောက်ကို လိုက်သွားခဲ့သည်။

=====================
"မင်း ဒီ​လောက်ပဲ စားနိုင်တာလား?"

က​လေးမ​လေးရဲ့ ပန်းကန်ထဲ ​ဘေးလ် မျက်​မှောင်ကြုံ့ပြီး ကြည့်လိုက်သည်။

"ဟုတ်။ သမီးက နည်းနည်းပဲ စားနိုင်လို့ပါ" သူမ ယဥ်ယဥ်​ကျေး​ကျေး​လေး ပြန်ပြုံးပြသည်။

"ဒီမယ် က​လေးမ။ ငါက အစားနည်းနည်းပဲ စားနိုင်တဲ့ က​လေး​​တွေဆို ကြိုက်တာမဟုတ်ဘူး"

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now