အခန်း (၆-၃)။ ။ စာဝါငှက်​ငယ်

226 17 0
                                    

(Unicode)

​​လေလာဟာ သူမ၏ဖြီးထား​​သော​ရွှေဝါ​ရောင် ဆံပင်​လေးကို တစ်​ချောင်းထဲ ခပ်မြင့်မြင့်​လေး စီးလိုက်သည်။ ပြီးလျှင် ​​ရှေ့ဖုံးခါးစည်းအဝတ်​လေး ဝတ်လိုက်ပြီး ခြင်း​တောင်း​လေးကိုပါ ယူသွားသည်။

"ဒါကို မကြာခင်ပြီးမှရမယ်"

​လေလာဟာ မျက်နှာအုံ့မှိုင်းမှိုင်းနှင့် သူမဘာသာ​ရေရွတ်​နေမိသည်။ ဟားဟတ်ဒ် မြို့စားမင်းစပြန်​ရောက်လာစဥ်ကတည်််းက စံအိမ်​တော်ကို ​လေဒီဘရန့်ဒ် မကြာမကြာ လာ​လည်​လေ့ရှိသည်။

ရလဒ် အ​နေနှင့် ​လေလာ့မှာ အချိိန်သိပ်မရှိ​တော့။ သူမ မြို့စားမင်းနှင့် ဆုံမိသည်ဖြစ်​စေ၊ ​လေဒီ ဘရန့်ဒ် အ​ခေါ်လွှတ်လို့ဖြစ်​စေ ​တောအုပ်ထဲမှ ရက်စ်ဘယ်ရီသီးများကို သူမ ခပ်သွက်သွက်ခူးမှ ဖြစ်​​တော့မည်။

သို့​သော်လည်း ကံ​ကောင်းစွာဖြင့်ပင် သူတို့နှစ်ဦးဟာ သူတို့မင်္ဂလာ ကိစ္စကို ပတ်ဝန်းကျင်ကို အသိ​ပေးကြဖို့ ပြင်ဆင်​နေသည်နှင့် သူတို့ဘာသာ သူတို့ အလုပ်ရှုပ်​နေကြသည်။

​လေလာဟာ ပြန့်ကား​နေ​သော မြက်​​ခြောက်ဦးထုပ်​လေး​​စောင်းပြီး ​တောအုပ်ထဲသို့ လမ်း​​လျှောက်သွားသည်။ ​တောအုပ်ပြီး အဝင်နား​လေးက မြက်အုပ်​လေးထဲမှာပင် ​မြောက်မြားစွာ ​​ရင့်မှည့်နေ​သော ရက်စ်ဘယ်ရီသီး​လေး များကို သူမ​တွေ့လိုက်ရသည်။

ဘယ်​လောက်ပဲ အားဗစ်အိမ်​တော်လူ​တွေ ခူး​နေပါ​စေ၊ တိရစ္ဆာန်​​လေးများ လာစားကြသည်ဖြစ်​စေ ​တောလမ်းမ​ပေါ်တွင် မှည့်ကာပြုတ်ကျ​နေ​​​သော အသီးများက ​တောင်လိုပုံ၍ ​နေသည်။ တခါတရံ အသီးတချို့အမှည့်လွန်၍ ပုပ်​တောင်သွားတတ်သည်။

​နေ့လည်မ​ရောက်ခင် ​လေလာဟာ သူမ၏ ခြင်းအကြီးကြီးကို အသီးများဖြင့် အပြည့်ဖြည့်နိုင်ခဲ့သည်။ ခု​တော့ သူမလက်​မောင်းများ ခြင်းအ​လေးကြီးကို သယ်လာရ​သဖြင့် မကြာခင် ပြုတ်​ထွက်သွား​​တော့မလိုပင် ခံစား​နေရသည်။

ထို့​​ကြောင့် သူမဟာ စမ်း​​ချောင်းနားသို့အ​ရောက် သူမ၏ ခြင်းကို သစ်ပင်အရိပ်​အောက် ခဏထားလိုက်ပြီး သူမ လက်နှင့် မျက်နှာတို့တွင် ​ပေကြံ​နေ​​သော ရက်စ်ဘယ်ရီမှ အရည်များကို ​ဆေး​ကြောချလိုက်သည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now