အခန်း (၇-၂)။ ။ထိုအရာထက် ​ကြောက်ဖို့​ကောင်း​သော တစ်စုံတစ်ရာ

253 19 0
                                    

(Unicode)

စိုစွတ်​နေ​သော ဆံသားထက်မှ ​ရေစက်များ သူ၏နှာ​ခေါင်းထိပ်သို့ ကျလာခဲ့သည်။ ခုန​လေးတင် သူ့​ရှေ့ဖြစ်ပျက်သွား​သော ထူးခြားဖြစ်စဥ်ကို ပြန်​တွေးကြည့်မိရင်း ရယ်​နေခဲ့သည်။

သူ့အဝတ်များ ထားရှိခဲ့​သော မြစ်ကမ်းပါးတစ်​နေရာကို ကူးခတ်သွားခဲ့သည်။ ထို့​နောက် ​ခုနက ​လေလာ သူမ ပစ္စည်းများပစ်ချခဲ့​သော သစ်ပင်ကြီးဆီ သူသွားခဲ့သည်။

မတ်သီးယက်စ် ​လေလာ ထားရစ်ခဲ့​သော ​ခြေရာလက်ရာ​လေးများကို လိုက်ကြည့်​နေမိသည်။ သစ်ပင်ကြီးနား ကျန်ခဲ့သည်က သူမ၏ မြက်ယက်ဦးထုပ်​လေး နှင့် ခြင်းကြီး တစ်ခြင်း၊ ​အနီးအနား မြေကြီး​ပေါ်ကျကျန်ခဲ့သည်က သတင်းစာတစ်​စောင်နှင့် လက်ကိုင်ပဝါအစို တစ်ထည် တို့ပဲဖြစ်ကြသည်။

ရက်စ်ဘယ်ရီ အပြည့်ရှိ​နေ​​သော ခြင်း​တောင်းထဲ တစ်ချက်ကြည့်ပြီး​နောက် သူ ခပ်တိုးတိုး​​လေး ရယ်လိုက်သည်။ ထို​​ကောင်မ​လေးက ​သေးငယ်​သော သူမ၏လက်​လေးများနှင့် ထို​ခြင်း​တောင်းကြီး သယ်ထားခဲ့သည်ကို သူ့အ​နေနှင့် မယုံကြည်နိုင်။

ထို့နောက် လှပ​သော ထိုဝက်သစ်ချပင်ကြီးကို သူ​မော့ကြည့်လိုက်ပြီး ထိုအပင်ဟာ လွန်ခဲ့​သော နှစ်အနည်းငယ်က ထို​ကောင်မ​လေးကို ငှက်အထင်နှင့် ပစ်မိ​တော့မလို ဖြစ်ခဲ့သည့်အပင်မှန်း မတ်သီးယက်စ် မှတ်မိသွားသည်။

ထိုအချိန် သစ်ကိုင်း​လေးများကြား ထိုင်ပြီး သူ့ကိုစိုက်​ကြည့်​​နေခဲ့​​သော ထိုက​လေးမ​လေး၏ မျက်နှာကို ပြန်လည်မြင်​ယောင်ချိန် မတ်သီးယက်စ် ရုတ်တရက် ထရယ်မိသွားသည်။

သူမ အခုထိ အပင်​တွေတွယ်တက်ပြီး ​​ဆော့​နေတုန်းပဲလား။

စစတုန်းက သူမ​နောက် သူ​​ပြေးလိုက်မည်ဟု ကြံရွယ်လိုက်​သေးသည်။ သို့​သော်လည်း ထို​နေ့​ နေ့လည်ပိုင်းတွင် စံအိမ်​တော်ထဲ ​ဒါရိုက်များနှင့်တွေ့ဆုံပွဲ တစ်ခုရှိ​​​နေခြင်း​ကြောင့်သာ သူ ဆက်မလိုက်​တော့ခြင်းဖြစ်သည်။

ကုမ္ပဏီ၏ စီမံခန့်ခွဲ​ရေးများတွင် မတ်သီးယက်စ် တိုက်ရိုက်ဝင်​ရောက်စွက်ဖက်ခြင်း မရှိ​သော်လည်း ကုမ္ပဏီ၏ အစီရင်ခံချက်များကို ပြန်စီစစ်ရသည်မှာ သူ့တာဝန်ပင် ဖြစ်သည်။ ခြုံ၍​ပြောရရလျှင် သူ့လက်​အောက်ငယ်သားများ၏ လုပ်ရည်ကိုင်ရည်တို့ကို သူပဲ အကျည်းချုပ်စီမံ ​​နေခြင်းသာ။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now