(Unicode)
"သူ တော်တော်ကြီးလာပြီနော်၊ ခုဆိုသူ အပျိုပေါက်လေးတောင် ဖြစ်နေပြီ"
လေလာ ထွက်သွားရာဆီသို့ ကယ်လော်ဒင်းက လှမ်းကြည့်ရင်းပြောလိုက်သည်။ သူမ ဟာလေလာ့ထက် အသက်တစ်နှစ်သာ ပိုကြီးသော်လည်း သူမ၏ပြောနေပုံမှာ မိခင်က သမီးဖြစ်သူကြီးပြင်းလာတာကို ပြောပြနေဟန်နှင့် တူနေသည်။
သူမကို မတ်သီးယက်စ် ထင်ရှားစွာပြန်ပြုံးပြ လိုက်သည်။ "အဲ့ဒါ သူကအစောကြီးထဲက မိန်းမပျိုလေး ဖြစ်နေလို့လေ" သူ အဖြေခပ်တိုတို သေချာ ဖြေပေးလိုက်သည်။
"ဟုတ်တာပေါ့"
မတ်သီးယက်စ်ကို ကယ်လော်ဒင်း သူမ၏ နွေတမျှလှပသော အပြုံးနှင့် ပြန်မတုန့်ပြန်ခင် တခဏလောက် သူမဘာသာ အတွေးထဲ ပျောက်ဆုံးသွားသည်။
"အော် ဒါနဲ့ကြားပြီးပြီလား? ယွီးအက်က နောက်ဆုံးပေါ် ကားတစ်စင်းတောင် ဝယ်လိုက်ပြီဆိုပဲ" သူမ အလျင်အမြန်ပင် စကားလမ်းကြောင်း လွှဲလိုက်သည်။
သူတို့ ကမ္ဘာတွင် သူတို့နှင့်သက်ဆိုင်သော စကားများသာ ပြောနေခဲ့ကြသည်။ သူတို့ရှေ့တွင် ခေတ္တမျှ ထိုင်သွားသော လေလာ လီဝေလ်လင် ဆိုသော အမျိုးသမီးလေးဟာ ထိုနေရာတွက် ဘယ်တုန်းကမျှ မရှိခဲ့သလိုပင်။
သို့သော် မတ်သီးယက်စ် လေလာ့ကို မထင်မှတ်သောနေရာတစ်ခုတွင် အမှတ်မထင် ထပ်တွေ့ခဲ့သည်။
လက်ဖက်ရည်သောက်ပြီး စံအိမ်တော်သို့ပြန်နေသော သူ့ကားပေါ်မှ အဝေးလူစည်ကားနေသော လမ်းမထက် ကားပြတင်းပေါက်မှ တစ်ဆင့်လှမ်းကြည့်မိလိုက်သည်။
ထိုအခါ လူသွားလမ်းပေါ် သူမစက်ဘီးလေးတွန်းပြီး လမ်းလျှောက်နေသော လေလာ့ကို သူဖြတ်ခနဲ တွေ့လိုက်ရသည်။
သူမ ထိုလူသွားလမ်းပေါ်တွင် ကောင်လေးတစ်ယောက်နှင့် အတူ ယှဥ်တွဲ၍လျှောက်နေခဲ့သည်။ သူ အရင်ထဲက မြင်ဖူးနေသာ ထိုကောင်လေးမှာ သူမတွေ့ဖို့ ကတိပေးထားခဲ့သော သူငယ်ချင်းဖြစ် လိမ့်မည်ဟု သူကောက်ချက်ချလိုက်သည်။
YOU ARE READING
မြို့စားမင်း၏ တေးဆိုငှက်ငယ်
Romance#fanstrans **All credits go to original Author-nim and english translators! (Unicode + Zawgyi) ဟာဟတ်(ဒ်) အိမ်တော်ရဲ့ အပြောင်မြောက်ဆုံး ရလဒ်၊ နိဗ္ဗာန်ဘုံသမျှ လှပသည်ဟု တင်စားရသော အားဗစ်မြို့၏ အရှင်သခင်၊ ငှက်လေးများကို အပျော်တမ်း အမည်းလိုက်တတ်သ...