(Unicode)
လေလာ အပေါ်ကိုမော့်ကြည့်လိုက်သောအခါ မျက်လုံးထဲမကျေနပ်မှုအပြည့်နှင့် သူမအား စိုက်ကြည့်နေသော မတ်သီးယက်စ်ကို တွေ့လိုက်ရသည်။
"လေလာ လီဝေလ်လင်"
သူမ နာမည်ကို မတ်သီးယက်စ် ထပ်၍ရေရွတ်လိုက်သည်။
"ငါမင်းကို စကားပြောနေတယ်"
"...ဟုတ်ကဲ့ပါ၊ မြို့စားမင်း" သူမ၏ မျက်လုံးများကို တင်းတင်းကြပ်မှိတ်လိုက်ပြီး လေလာ ပြန်ဖြေလိုက်သည်။
လေလာ သူမ ဘောပင်လေးကို မတ်သီးယက်စ် ဖိနပ်အောက်မှဆွဲယူနေချိန် မတ်သီးယက်စ်ကတော့ နည်းနည်းလေးမျှပင် မလှုပ်ရှားခဲ့။
"ကျွန််မ နားထောင်နေပါတယ်"
သူမ တစ်ကိုယ်လုံးကြောက်လန့်တုန်လှုပ်သော်လည်း လေလာ ရဲရဲဝံ့ဝံ့ ပြန်ဖြေခဲ့သည်။ နွေရာသီ တောအုပ်သကဲ့သို့ လင်းလက်တောက်ပနေသော သူမ၏ အစိမ်းရောင်မျက်ဝန်းတစ်စုံ သည် အရှက်တရား၊ ဒေါသတို့နှင့် ပြည့်နှက်နေခဲ့သည်။
ဟိုတချိန်ကလည်း သူမ၏ ရွှေအကြွေစေ့ကို မတ်သီးယက်စ် ဒီနေ့လိုပင် ဖိနပ်ဖြင့်နင်းထားခဲ့သည်ကို လေလာ ပြန်လည် မြင်ယောင်လာခဲ့သည်။ ယခုလည်း ထိုနေ့ကမျက်နှာအနေအထား အတိုင်းပင် မတ်သီးယက်စ်သူ့ကို ငုတ်ကြည့်နေခဲ့ပြန်သည်။
ခဏကြာသော် ရယ်သံလေး နည်းနည်းပြုပြီးနောက် မတ်သီးယက်စ်သူ့ခြေထောက်ကို ဖယ်လိုက်ပြီး သူမနားက ထွက်ခွာသွားတော့သည်။
ဘာမှမဖြစ်ခဲ့သလိုဟန်နှင့် သူ၏အရာရှိဦးထုပ်ကို ခေါင်းတွင်စောင်းလိုက်ပြီး လမ်းမကြီးပေါ် ဆက်လျှောက်သွားသည်။
လေလာ တစ်ယောက်သူမ ဘောပင်လေးကို တုန်တုန်ယင်ယင်ဆုပ်ကိုင်ထားရင်းနှင့်ပင် ဟားဟတ်ဒ်မြို့စားမင်း၏ နောက်ကြောကို အဝေးကကြည့်ရင်း ထိုနေရာတွင် ကျန်ရစ်နေခဲ့သည်။
မြို့စားမင်း ဟားဟတ်ဒ် ဘာအကြောင်းပြချက်မှ မရှိပဲ ဘာလို့ထိုသို့လုပ်သွားမှန်း လေလာ စဥ်းစားနေမိသည်။
YOU ARE READING
မြို့စားမင်း၏ တေးဆိုငှက်ငယ်
Romance#fanstrans **All credits go to original Author-nim and english translators! (Unicode + Zawgyi) ဟာဟတ်(ဒ်) အိမ်တော်ရဲ့ အပြောင်မြောက်ဆုံး ရလဒ်၊ နိဗ္ဗာန်ဘုံသမျှ လှပသည်ဟု တင်စားရသော အားဗစ်မြို့၏ အရှင်သခင်၊ ငှက်လေးများကို အပျော်တမ်း အမည်းလိုက်တတ်သ...