(Unicode)
နွေရာသီရောက်တိုင်း ဟားဟတ်ဒ် အိမ်တော်ကြီးသည် တွေ့ဆုံပွဲများနှင့် စည်ကားလျက်ရှိသည်။ သို့သော် ဒီနှစ် ကယ်လော်ဒင်း ဗွန် ဗရန့်ဒ် အားဗစ်ကို လာခဲ့သော အကြောင်းအရင်းအမှန်ကို အားလုံးက သိနှင့်နေကြပြီဖြစ်သည်။
ပြင်ပလောကကို စေ့စပ်ပွဲအကြောင်း အသိမပေးခင် မိသားစုနှစ်စု ဦးစွာ ညှိနှိုင်းဆွေးနွေးစရာများ တိုင်ပင်ပြီး မိသားစုနှစ်ခု ချစ်ကြည်ရေးကို အဓွန့်ရှည်အောင် ဆောင်ရွက်ဖို့ပင်ဖြစ်သည်။
တွေ့ဆုံပွဲ၏ ရည်ရွယ်ချက်က ရှင်းလင်းနေပြီးသာဖြစ်၍ ကယ်လော်ဒင်း အပါအဝင် နှစ်ဖက်သော မိသားစုနှစ်ခုလုံးက အထူးတလည် လိုက်ဖုံးကွယ် မနေတော့။
"ဟယ်လို မြို့စားမင်း ဟားဟတ်ဒ်"
ကယ်လော်ဒင်း မြို့စားမင်းဟားဟတ်ဒ်ကို ယဥ်ယဥ်ကျေးကျေးလေး နှုတ်ဆက်လိုက်သည်။ သူရှေ့ရပ်နေသော သူ၏ ဝမ်းကွဲညီမသည် အရင်လို ဂျီကျသန်သော ကလေးမလေး တစ်ယောက် မဟုတ်တော့။
"ကြိုဆိုပါတယ် လေဒီ ဘရန့်ဒ်"
သူ ကယ်လော်ဒင်းကို ပြန်နှုတ်ဆက်ရင်း နှစ်ဦးသား တည်ငြိမ်စွာ အပြုံးဖလှယ်လိုက်ကြသည်။
သူတို့နှစ်ဦးကြား ပြောစရာစကားသည် ထိုထက်ပင်မပို။ သူတို့နှစ်ဦး အရမ်း မရင်းနှီး၊ မနီးစပ်ကြသော်လည်း သူတို့သိလာကြသည်မှာ အချိန်ကာလတစ်ခု ကြာပြီဖြစ်သည်။
မတ်သီးယက်စ် ဗွန် ဟားဟတ်ဒ် နှင့် ကယ်လော်ဒင်း ဗွန် ဘရန့်ဒ်တို့ သွေးထဲအသားထဲကနေ အထက်တန်းဆန်မှန်း အပြင်လူတွေသည်သာမက သူတို့အချင်းချင်းလည်း သိနှင့်ကြပြီးသားပင်။ ထိုအချက်သည်လည်း သူတို့ တစ်ယောက်ကို တစ်ယောက် ရွေးချယ်လိုက်သည့် အရေးကြီးဆုံးသော အချက်ပင်သာ။
မတ်သီးယက်စ် ကလော်ဒင်းကို အတွေ့အကြုံရှိရှိဖြင့်ပင် ရှေ့ကဦးဆောင် ခေါ်သွားသည်။ အယ်လ်လီးစ် ဗွန် ဟားဟတ်ဒ် က စံအိမ်တော်ကြီး၏ဘေးတွင် တွဲလျက်ဆောက်လုပ်ထားသာ ဥယျာဥ်အိမ်ငယ်လေး အတွင်း နေ့လည် လက်ဖက်ရည်ပွဲအတွက် ပြင်ဆင်ထားဖို့ အစေခံများအား အမိန့်ပေးလိုက်သည်။ အယ်လ်လီးစ် ဟာ သူမ၏ ဥယျာဥ်အိမ်ငယ်လေးကို အလွန်တန်ဖိုးထားသည်။ ထိုသို့ တန်ဖိုးထားသော နေရာတွင် ကယ်လော်ဒင်းအား ဧည့်ခံပုံကို ကြည့်ခြင်းဖြင့် သူမ ကယ်လော်ဒင်းအား မည်မျှအရေးပေးပုံကို မှန်းဆနိုင်သည်။
YOU ARE READING
မြို့စားမင်း၏ တေးဆိုငှက်ငယ်
Romance#fanstrans **All credits go to original Author-nim and english translators! (Unicode + Zawgyi) ဟာဟတ်(ဒ်) အိမ်တော်ရဲ့ အပြောင်မြောက်ဆုံး ရလဒ်၊ နိဗ္ဗာန်ဘုံသမျှ လှပသည်ဟု တင်စားရသော အားဗစ်မြို့၏ အရှင်သခင်၊ ငှက်လေးများကို အပျော်တမ်း အမည်းလိုက်တတ်သ...