အခန်း (၄-၅)။ ။အချိန်ကာလတစ်ခု ကြာပြီးသည့်​နောက်

247 18 1
                                    

(Unicode)

ထို​နေ့ည​နေစာ စားပြီး​သွားသောအခါ မိုးလည်းအ​တော်အသင့်ချုပ်သွားပြီ ဖြစ်သည်။ စားပြီးသား ပန်းကန်ခွက်​တွေ ​ဆေး​ကြောပြီးသည့်အခါ ​လေလာ သူမအခန်းထဲပြန်ပြီး ​ရေ​​နွေးနွေး​လေးနှင့် ​ရေချိုးခဲ့သည်။ သူမ လုပ်စရာရှိတာ​တွေ အကုန်လုပ်ပြီးသွားသည့်အချိန်၌ သူမ အ​တော့်ကို အိပ်ချင်​နေပြီဖြစ်သည်။ သို့​သော် လာမည့်ရက်​တွေ စာ​မေးပွဲက နီးလာပြီဖြစ်သဖြင့် သူမ အိပ်လို့မရ​သေး။ ထို စာ​မေးပွဲ ​နောက်တွင် သူမ​အ​မျှော်လင့်​နေဆုံး ​နွေရာသီ ​ကျောင်းပိတ်ရက်များက ကပ်လျက် ရှိ​နေသည်ပင်။

ည၏ ​လေညှင်း​​လေးများက သူမ စာရွက်​ပေါ် စာ​ရေးခြစ်​နေ​သော အသံများနှင့် ​တောအုပ်ထဲမှ ငှက်ငယ်​​လေးများ၏တွန်သံများကို သူနှင့် အတူသယ်​ဆောင်သွားခဲ့သည်။

အချိန်ကာလတစ်ခုကြာသွား​သောအခါ စာ​တွေထဲ ​သေချာအာရုံစိုက်ပြီးသည့်​နောက် သူမ မျက်လုံး​တွေနာကြင်ပြီး ​ခေါင်းပါကိုက်လာတာ​ကြောင့် ​လေလာ သူမ လက်ထဲကကိုင်ထား​သော ခဲတံကို ခဏလွှတ်ချလိုက်သည်။
သူမ ငယ်ငယ်​လေးထဲက တစုံတရာကို ရှင်းရှင်းလင်းလင်း မြင်ချင်လျှင် မျက်လုံးကို ကြုံ့ကြုံ့ကြည့်ရတတ်သည်။ ဤသို့ ငယ်ငယ်ထဲက မ​ကောင်းခဲ့​သော သူမ၏ အမြင်အာရုံမှာ အခုဆို အ​ခြေအ​နေပိုဆိုးလို့​နေပြီဖြစ်သည်။

သို့ဖြစ်၍ ​လေလာ အခန်းမီးမှိတ်လိုက်ပြီး သူမ ကုတင်​ပေါ်သာ ပစ်လှဲလိုက်သည်။

'ဒီ​နေ့ ပမာဏဆို ရက်စ်ဘယ်ရီယို ဘူး ၂၀ ​လောက်​တော့ရမယ်ထင်တယ်... မဟုတ်ဘူး ဘူး ၃၀ ​လောက်​တောင် ရနိုင်တယ်"

ဘာပဲဖြစ်ဖြစ် ခုဆို သူမ လိုအပ်​နေတဲ့ မျက်မှန်​လေး တစ်စုံကို ဝယ်နိုင်​တော့မည် ဖြစ်သည်။

သူမ မျက်မှန်လိုအပ်​နေတဲ့ အ​​ကြောင်းကို ဦး​​လေး ​ဘေးလ်ကို ​ပြောလိုက်လျှင် အဆင်​ပြေသွားမည် ဆို​ပေမယ့် သူမအ​နေနဲ့ ဦး​လေး​ဘေးလ် အ​ပေါ် ဝန်ထုပ်တစ်ခု မ​ဖြစ်ချင်ခဲ့​ပေ။ သူအ​နေနဲ့ သူမအတွက် ဖြည့်ဆည်း​ပေးခဲ့​သော အရာ​တွေဟာ အလွန်ပင်များပြားခဲ့ပြီ။ သူမ အ​နေနဲ့လည်း ဦး​လေး​ဘေးလ် ​ကျေးဇူးတရားကို ​ငွေသားတစ်ခုထဲနှင့် ပြန်မဆပ်ချင်​။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now