အခန်း (၃-၃)။ ။သူမကို ​​ခေါ်ခဲ့​စေ

196 12 0
                                    

(Unicode)

​တောအုပ်ထဲ မြို့စားမင်းကို ​တွေ့မိသည်နှင့် သူမ သစ်ပင်​တွေ​နောက်မှာ ဝင်ပုန်း​နေတတ်သည်။ ထို့အပြင် မတ်သီးယက်စ် အမဲလိုက်ပြီးသည်နှင့် သူမ ရုတ်တရက်​ပေါ်​ပေါ်လာတတ်ပြီး ​နောက်က​နေ ငှက်​သေ​လေးများကို လိုက်မြှုပ်​နေ​လေ့ရှိသည်။

"ရပါတယ်။ ဒါက ခင်ဗျားရဲ့ ဆန္ဒဆို အဆင်​ပြေပါတယ် မစ္စတာ ရမ်မာ"

အပြုံးချိုချိုနှင့် ​​​တောအုပ်နား ဘယ်သူ့ပဲ ထားထား သူနဲ့ မဆိုင်သဖွယ် မတ်သီးယက်စ် ​ပေါ့​ပေါ့ပါးပါး​ဖြေလိုက်သည်။

"​ကျေးဇူးတင်ပါတယ် သခင်​လေး"

​​ဘေးလ် မြို့စားမင်းကို ​ကျေးဇူးတင်လိုက်သည်။ မတ်သီးယက်စ်လည်း ​ဘေးလ်ကို တချက် ​ခေါင်းပြန်ညိတ်ပြရင်း သူလမ်းသူ ဆက်​လျှောက်သွားသည်။

သူတို့နားက မြို့စားမင်းတို့ ဖြတ်​​လျှောက် သွားချိန် လက်ထဲကိုင်သွားကြသည့် အသက်မဲ့ သား​ကောင်များကို မြင်ပြီး ​​လေလာ တွန့်ဆုတ်သွားသည်။ ချက်ချင်းဆိုသလို သူမ တစ်ဖက်ကိုလှည့်လိုက်ပြီး မျက်လုံးကို တင်းတင်းကြပ်ကြပ် မှိတ်လိုက်သည်။ သို့​သော်လည်း ​ကြောက်မက်ဖွယ်ရာ ​သွေးညှီနံ့တို့က သူမတို့နားက ​တော်ရုံနှင့် ကွယ်​ပျောက် မသွားခဲ့။

သူမ​ဘေးနား ရပ်​နေ​သော ​ဘေးလ်က​တော့ သူမ ပုခုံး​လေးကို အသာအယာ ပုတ်​ပေးရင်း အား​ပေး​​နေရရုံအပြင် ဘာမှမတတ်နိုင်ခဲ့...။

=====================

​မေး​​လေး​ထောင့်​နေရင်း ကယ်​​လော်ဒင်း တစ်​ယောက် သက်ပြင်းခပ်ပြင်းပြင်း ချလိုက်သည်။ သူမ၏ ​ကွေး​ကောက်​နေ​​သော အညို​ရောင် ဆံနွယ်တို့က သူမ သက်ပြင်းချတာနဲ့ အတူ လိုက်လှုပ်ရှား​နေခဲ့။

"ကယ်​​လော်ဒင်း .... မိန်းက​လေးလို ​နေစမ်း"

​လေဒီ ဘရန့်ဒ်က သူမ၏ ​သေးသွယ်လှ​သော မျက်ခုံးများကို ပင့်ပြီး စိတ်မရှည်​​တော့သည့် ဟန်နှင့် ​ပြောလိုက်သည်။

ယခုအချိန်မှာ ငယ်​​သေးသည်ဆို​ပေမယ့် ကယ်​​​လော်ဒင်းမှာ တစ်​နေ့ အားဗစ်မြို့ရဲ့ မြို့စားက​​တော်ဖြစ်လာမည့် အ​ကြောင်း အားလုံးက သိထားပြီဖြစ်သည်။ ထိုသို့ဖြစ်လာမည့် သူက ခုလို န​မော်နမဲ့ ​နေ​နေတာကို ကြည့်ရင်း ​လေဒီ ဘရန့်ဒ် တစ်​ယောက် စိတ်ညစ်ညစ်နှင့် သက်ပြင်းသာ ချနိုင်သည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now