အခန်း (၆-၄)။ ။ စာဝါငှက်​ငယ်

260 16 1
                                    

(Unicode)

မြစ်ထဲမှ ​ရေငှက်​လေး​တွေ အစာရှာ​ထွက်​နေသည်ကို ကြည့်ရင်း ​လေညှင်း​လေးကို ခံစားရင်း ​လေလာ ဟာ ​လောကကြီးကို သစ်ပင်မြင့်ထက်မှ ကြည့်ရှု​နေခဲ့သည်။

ထို့​​နောက် ​ရှေ့ဝတ်ခါးစီးအိတ်ထဲ ​ခေါက်ထည့်ထားခဲ့သည့် သတင်းစာကိုထုတ်လိုက်ပြီး သူမသ​​​ဘောကျသည့် လျှို့ဝှက်ဆန်းကြယ်ဝတ္ထု​လေးကို ​သေချာ အာရုံစူးစိုက်၍ ဖတ်​နေသည်။ ဒီအပတ် ဝတ္ထု၏မိတ်ဆက်စာ​ကြောင်းအရ ဒီအပတ်တွင် လူသတ်တရားခံ ဘယ်သူဆိုတာ​ပေါ်​​​တော့မည် ဖြစ်သည်။

​လေလာ ဝတ္ထုထဲ အာရုံ​ရောက်​နေချိန်အတွင်း ​မြစ်၏ ရေမျက်နှာပြင်​​ပေါ်သို့ မတ်သီးယက်စ်မျက်နှာ ​ပေါ်ထွက်လာခဲ့သည်။

သူ၏ ​တောင့်တင်း​နေ​​သော အဝတ်မဲ့ ခန္ဓာကိုယ်သည် မြစ်မျက်နှာပြင်​ထက် ပေါ်လွင်လျက်ရှိသည်။ သူ​၏အသက်ရှူနှုန်းကို လိုက်၍ လည်ဇလုပ်သည် တက်လိုက် ကျလိုက်ဖြစ်​နေသည်။

မတ်သီးယက်စ် စံအိမ်​​​တော်ကိုပြန်မည့်အ​တွေးကို ခဏဖယ်လိုက်ပြီး အချိန်ခဏ​လောက် ​ရေဆန်တက်ပြီး ​ရေဆက်ကူးဖို့ ​ဆုံးဖြတ်လိုက်သည်။

စခူလ်တာမြစ်နှင့် အားဗစ်​​​တောအုပ်ကို မတ်သီးယက်စ် အလွန်နှစ်သက်သည်။ ထို့​ကြောင့်ပင် သူသည် စံအိမ်​​တော်ကို ကမ်းနားဘက်သို့ ​ရွှေ့ခဲ့ခြင်းဖြစ်သည်။ ထိုအခါ စံအိမ်​တော်ရှိ သူ၏​သေးငယ်​သော ချဲ့တိုးအခန်းငယ်မှ စခူလ်တာမြစ်ကြီး၏ အလှကိုတဝကြီး ကြည့်ရှု ခံစားလို့ရသွားသည်။

မတ်သီးယက်စ်၏ မိခင်နှင့် အဘွားဖြစ်သူတို့မှာ မြစ်ကမ်း​ဘေး လမ်း​လျှောက်​လေ့ လျှောက်ထ မရှိ။ ထို့​ကြောင့် ထို​​နေရာ​လေးသည် မတ်သီးယက်စ်အတွက် သီးသန့်ကမ္ဘာ​လေး တစ်ခုလိုဖြစ်​နေခဲ့သည်။

စံအိမ်​တော်ထဲ ဧည့်သည်များမရှိလျှင် ထိုချဲ့တိုးအခန်းငယ်​လေးထဲသို့​သော မတ်သီးယက်စ် သွား​နေ​နေတတ်သည်။ ထို​နေရာတွင် မြစ်ကြီးကို ကြည့်၍ဖြစ်​စေ၊ စာအုပ်ဖတ်​နေ၍ ဖြစ်​စေ၊ ဒါမှမဟုတ် သူပျင်းလာ​သောအခါ ​ခေတ္တခဏ​လောက် အိပ်စက်၍ဖြစ်​စေ ကုန်ဆုံး​လေ့ရှိသည်။ ထို​အရာ​တွေ လုပ်ဖို့ ထို​နေရာ​လေးက စိတ်​ကျေနပ်စရာအ​ကောင်းဆုံး​နေရာ​လေး ဖြစ်သည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now