အခန်း (၁၈)။ ။မြ

531 27 3
                                    

(Unicode)

"ဦး​လေး ဒါက အရမ်း​စျေးကြီးမှာ​ပေါ့"

ဘူးထဲသို့ ​ပြူးကျယ်​နေ​သော ​မျက်လုံးများဖြင့် ​​လေလာအံ့သြသင့်စွာ ကြည့်​နေလိုက်သည်။ ထိုအချိန် ​ဘေးလ် ကိုယ်တိုင်လည်း ဖုံးကွယ်နိုင်​တော့ပဲ သူကိုယ်တိုင်ပင် ​လေလာနှင့်အတူ အံ့သြသင်ွ​နေခဲ့သည်။

"ဦး​လေး ပိုက်ဆံ​တွေ အများကြီးသုံးလိုက်တာလား" ​လေလာ ​​ဘေးလ်ကို ဆူ​နေသည့်ဟန်ဖြင့် ​မေးလိုက်သည်။

"မဟုတ်ပါဘူး... မင်း ထင်​နေသ​လောက်လည်း ​စျေးမကြီးပါဘူးဟ။ အမြဲလိုက်ပြီးပဲ ပူ​ပန်​နေ​တော့တာပဲ"

​ဘေးလ် စကားများထစ်​နေခဲ့သည်။ ပါတီပွဲ​နေ့တွင် မဒမ်မိုနာဆီမှ ပါဆယ်ထုပ်ဆိုသည်က သူတို့အိမ်ဆီ ​ရောက်လာခဲ့သည်။

​ဘေးလ်က သူတို့ဆီ ပစ္စည်းပို့​သော​ကောင်​လေးနှင့်ပင် ပို့​ပေးလိုက်မည်ဟု ထင်​နေခဲ့သည်။ သို့​သော် ထို​နေ့က အသက်ငယ်ငယ်နှင့် ဆိုင်မှဝန်ထမ်းကိုယ်တိုင်က လာပို့​ပေးခဲ့သည်ကို ​ဘေးလ် အံ့သြသင့်​နေခဲ့ရသည်။ ထို့​ကြောင့်​​​ မဒမ်မိုနာများ ​လေလာ့အတွက် အထူးဂါဝန်များ မှာ​ပေးလိုက်သည်လားလို့ ​ဘေးလ် စဥ်းစား​နေခဲ့ရသည်။

ပါဆယ်ဘူးကို ​ဖောက်လိုက်ချိန်မှာ​တော့ သူတို့နှစ်ဦးလုံး ပို၍ပင် အံ့သြ​နေခဲ့ရပြန်သည်။ ​ဘေးလ်ထင်ထားသည်ထက် ဂါဝန်​လေးဟာ အများကြီး ပို၍သာလွန် ​နေခဲ့သည်။

အမျိုးသမီးဝတ်အထည်နှင့် လက်ဝတ်လက်စားများ အ​ကြောင်းနည်းနည်းပဲ သိ​သော ​ဘေးလ်ပင် ​ရွှေချည်စများနှင့် အလှဆင်ထား​သော ထိုအဖြူ​ရေင်ဂါဝန်သည် အလွန်​​စျေးကြီးမည် ဆိုသည်ကို ခံစားလို့ရ​နေခဲ့သည်။ ထို့ပြင် ထိုဘူးထဲ ဂါဝန်သာမက ဖိနပ်၊ လက်အိတ်၊ လည်ဆွဲ အကုန် ပါဝင်​နေခဲ့သည်။

'​နေပါအုံး မိုနာ့ကို ငါပိုက်ဆံ ဘယ်​လောက်​ပေးလိုက်တာ ပါလဲ?' ​ဘေးလ် လက်​ချောင်းဖြင့် ​ရေ​နေပြီး စဥ်းစား​နေမိခဲ့သည်။

'ငါပေးလိုက်တဲ့ ပိုက်ဆံက သူဆွဲကြိုးဝယ်ဖို့ ​လောက်လို့လား?'

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now