အခန်း (၉-၂)။ ။ရိုရိုကျိုးကျိုး မိန်းမလှ​လေး

222 17 1
                                    

(Unicode)

"​မေ​​မေ"

ကယ်​လော်ဒင်း ​လေသံအနည်းငယ် မာသွားသည်။ သူမ၏ မိခင်တွင် အရာအားလုံးရှိ​နေ​သော်လည်း အ​ရေးမပါ​သော အချစ်ကို အလွန်​တောင့်တပူပင်​နေသည်။ ကယ်​လော်ဒင်းကိုယ်တိုင်လည်း သူမ မိခင်ခြေရာကို လုံးဝ လိုက်မနင်းဟု ဆုံးဖြတ်ထားသည်။ ထိုအချက်သည်လည်း သူမ မတ်သီးယက်စ်နှင့် လက်ထပ်မည်ကို သ​​ဘောတူလိုက်သည့် အ​ကြောင်းရင်းများစွာထဲမှ တစ်ချက်ပင်ဖြစ်သည်။

​လောကကြီးဟာ ​အိပ်ရာဝင် ပုံပြင်​တွေထဲကလို ​ပျော်စရာ​ကောင်းမည် မဟုတ်မှန်း ကယ်​လော်ဒင်း လက်ခံထားသည်။

ဥစ္စာ​ပေါ ရုပ်​ချော အထက်တန်းစား မတ်သီးယက်စ်၊ သူ့လိုလူသည်လည်း နှစ်ဖက်မိဘများ၏ အစီအစဥ်​ကြောင့် လက်ထပ်လိုက်ရ​သော ဇနီးကိုသာ သစ္စာရှိရှိ ချစ်နိုင်မည်မဟုတ်။

'သူလည်း တခြား​ယောကျ်ား​တေလို ငါ့အ​ဖေလို တစ်​နေ့​တော့ ​ချော​မောလှပတဲ့ တခြားမိန်းမတစ်​​ယောက်ကို လိုချင်စိတ် ဖြစ်ရင်ဖြစ်လာမှာပဲ'

​ယောက်ျားသားတို့ အ​နေဖြင့် အ​မြှောင်မယားကို အ​မြှောင်မယား​နေရာထားပြီး ဆက်ဆံခြင်းဟာ အဆင်​ပြေသည်။ ထိုသို့မဟုတ်ပဲ အ​​မြှောင်မယားကို တရားဝင်ဇနီး​နေရာထားပြီး ဆက်ဆံလျှင် ထိုအရာက​တော့ ပြဿနာများကို ဖြစ်ပေါ်လာ​စေနိုင်သည်။

မတ်သီးယက်စ်က​တော့ ငြင်းဖွယ်ရာမရှိ၊ ပထမအုပ်စုထဲက ​ယောက်ျားသားမျိုး ဖြစ်သည်ဟု ကယ်​လော်ဒင်း ယုံကြည်​နေသည်။

'ငါ သူ့ကိုချစ်လား?'

ကယ်​လော်ဒင်း သူမခေါင်းထဲက ​မေးခွန်းကို ​ခေါင်း​လေး​​တေ့ပြီး စဥ်းစားလိုက်သည်။

'ဖြစ်​ကောင်း ဖြစ်နိုင်တယ်​ပေါ့'

အဲ့အရာက အ​ရေးကြီး​သော အရာ​​တော့ မဟုတ်​ပေ။ ထိုအချက်ကို မတ်သီးယက်စ်လည်း ​ကောင်း​ကောင်း သ​ဘော​ပေါက်သည်။

သူမအတွက် အ​ရေးကြီးသည်က အားဗစ်မြို့၏သခင် မတ်သီးယက်စ်၊ သူအ​နေနှင့် တစ်​နေ့ ဖခင်​ကောင်း ခင်ပွန်း​ကောင် ​နေရာကို ​ကောင်းမွန်စွာ ကကြိုးသွယ်နိုင်ဖို့ပင်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now