အခန်း (၁၀-၄)။ ။မင်းကို ​​​တောင်းဆို​နေတယ်လို့ ထင်​နေတာလား

308 21 1
                                    

(Unicode)

"မြို့စားမင်း သ​ဘောကျရဲ့လား"

​လေလာဟာ နှင်းဆီအိုး​​လေး မလာပြီး မဝံ့မရဲ ​မေးရှာသည်။

သူမထင်​နေခဲ့သည့် အတိုင်းပင် သူ၏ ပန်းအလှဆင်ပထားပုံမှာ အဆင်မ​ပြေ​နေခဲ့။

"ဆိုးဝါးလိုက်တာ"

မတ်သီးယက်စ်၏ အသံဟာ နှိမ့်ချသလို ​ပြောခြင်းမဟုတ်လည်း အသံ​နေ အသံထားမှာ တုန်းတိသလို ​ဖြစ်​နေခဲ့သည်။

​လေလာဟာ ရှက်ရှက်နှင့် မျက်နှာ​လေးနီမြန်းလာပြီး  မျက်လုံး​ပေကလပ် ​ပေကလပ်လုပ်လိုက်သည်။

"ကျွန်မ​တောင်းပန်ပါတယ်။ အိမ်အကူ​တစ်​ယောက် ကျွန်မသွား​ခေါ်လာလိုက်ပါ့မယ်"

"ထိုင်"

"ရှင်"

"ထိုင်လိုက် ​လေလာ"

မတ်သီးယက်စ် အသံကိုနှိမ့်ပြောလိုက်ပြီးသည့်​နောက် အခန်းအ​နေအထားဟာ ပိုပြီး အ​နေခက်စဖွယ် ဖြစ်လာခဲ့သည်။ သူ လက်​ချောင်းများသည် သူ့မျက်နှာချင်းဆိုင်တွင် ရှိ​​သောဆိုဖာကို ညွှန်ပြ​နေခဲ့သည်။

​လေလာဟာ ပုံမကျပန်းမကျ နှင်းဆီအိုးကို စားပွဲ​​ပေါ်တင်လိုက်ပြီး မတ်သီးယက်စ် ညွှန်ပြလိုက်​သော​နေရာတွင် ​တောင့်​​တောင့်ကြီး ထိုင်ချလိုက်သည်။

မတ်သီးယက်စ်၏ အကြည့်သည် ထိုဆိုဖာ​ဘေးက ခုံတွင်ရှိ​နေ​​သော ​ငွေအုပ်​​စောင်းဖြင့် ဖုံးထား၊ ပန်းကန်စီသို့ ​ရောက်သွားသည်။

"စားလိုက်"

​လေလာ ထိုအုပ်​စောင်းကို အ​နေခက်ခက်ဖြင့် မလိုက်သည်။ ထို​​အောက်တွင် တစ်​​ယောက်စာ ပြင်ဆင်ထား​​သော အသားညှပ်​ပေါင်မုန့်တချို့နှင့် သံပုရာရည်ကို သူမ ​တွေ့လိုက်ရသည်။

​နားမလည်သလို ဖြစ်​နေ​​သော ​လေလာ့ကို မတ်သီးယက်စ် စိုက်ကြည့်​နေခဲ့သည်။ သူမ ထိုမုန့်များစားပြီးသည့်အခါ သူမ၏ လုပ်အားခ​ပေးလိုက်မည်ဟု မတ်သီးယက်စ် စိတ်ကူးထားခဲ့သည်။

သူမ၏ ပန်းထိုးခြင်းရလဒ်သည် ဆိုးရွား​နေ​သော်လည်း အနည်းဆုံး​တော့ သူမ၏ အချိိန်နှင့် လုပ်အားကို ​ပေးခဲ့ရသည် မဟုတ်လား။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now