အခန်း (၁၀-၃)။ ။မင်းကို ​​​တောင်းဆို​နေတယ်လို့ ထင်​နေတာလား

272 17 1
                                    

(Unicode)

ပူပြင်း​သော​နေ​​ကြောင့် ​ခေါင်းမူးလာအံ့ဆဲဆဲ ​သီးသန့် စာကြည့်​ဆောင်ဆီသို့ ​လေလာ ပြန်​​​ရောက်လာခဲ့သည်။

မြစ်ကမ်း​ဘောင်​ပေါ် ​ဆောက်လုပ်ထား​သော ထိုသီးသန့်​ဆောင်သည် အ​ဝေးကကြည့်လျှင် တစ်ဝက်​လောက်က မြစ်ထဲနစ်မြုပ်​နေဟန် ​ပေါ်​အောင် ​ဆောက်လုပ်ထားသည်။

ပထမထပ်တွင် ​လှေဦးသဏ္ဍန် အခန်းငယ်​လေး တစ်ခုနှင့် ရိုးရိုးရှင်းရှင်း အစားအ​သောက်များရှိ​သော မီးဖို​ဆောင်တစ်ခု၊ ဒုတိယထပ်တွင် ဧည့်ခန်း တစ်ခု၊ အိပ်ခန်းတစ်ခန်း နှင့် ထမင်းစားခန်း တို့ပါရှိ​နေသည်။

​လေလာသည် အပြင်ဘက်​လှေကားကပင် ဒုတိယထပ်ရှိ စာကြည့်​ဆောင်သို့ နှင်းဆီအပြည့်ခြင်းကြီးနှင့် တန်းတက်သွားသည်။ သူမလမ်းတွင် အိမ်​​တော်ထိန်းနှင့် အသက်အလယ်အလတ် သန့်ရှင်း​ရေးအမျိုးသမီးတို့ သီးသန့်​​​ဆောင်မှ ထွက်လာတာကို ​တွေ့လိုက်ရသည်။

သူတို့နှစ်ဦးကို နှုတ်ဆက်ပြီး​နောက် ​လေလာစာကြည့်ခန်းထဲ ဝင်သွားလိုက်သည်။ မတ်သီးယက်စ်က မျက်လုံးပိတ်လျက် ​ခေါင်းကို​​​​နောက်ပစ်ပြီး သူ့ခုံ​တွင်ထိုင်​နေလျက် ရှိသည်။

'ငါ သူနိုးလာတဲ့အထိ ​စောင့်ရမလား'

သူမ ​တွေး​နေစဥ်မှာပဲ မတ်သီးယက်စ် မျက်လုံးများပွင့်လာခဲ့သည်။ သူ့နဖူး​ပေါ်တွင် ​​ရှေ့သို့အနည်းငယ်ကျ​နေ​သော ဆံနွယ်များက ဖုံးအုပ်လျက်ရှိသည်။

"ကျွန်မ နှင်းဆီပန်းအသစ်​လေး​တွေ ထပ်ယူလာခဲ့ပါတယ် မြို့စားမင်း"

​လေလာ သူမ၏ နှင်းဆီပန်းအပြည့်ခြင်းကို အနည်းငယ်​မြှောက်ပြ လိုက်သည်။

မတ်သီးယက်စ် ဘာမှပြန်မ​ပြောပဲ သူ့​ရှေ့တွင်ရှိ​သော ဝီစကီခွက်ကိုသာ ကြည့်​နေခဲ့သည်။ သူဝတ်ဆင်ထား​သော မြင်းစီးဂျာကင်ကို ချွတ်လိုက်ပြီး ရှပ်အင်္ကျီက ကြယ်သီးအချို့ကို ဖြုတ်လိုက်သည်။ သူယခုလက်ရှိ ပုံမှာ နဂို​နေ့​တွေက ပုံနှင့်မတူ၊ ပျင်း​နေဟန် အကာအကွယ်မဲ့​နေဟန် ပုံ​ပေါ်​နေသည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now