အခန်း (၂ -၁)။ ။ လှပ​သော ငှက်သတ်သမား

366 18 0
                                    

(Unicode)

​နွေရာသီကို အားဗစ်မြို့မှာ ဖြတ်သန်းကြမည့် မတ်သီးယက်(စ်)၏ ​ဆွေမျိုးများက သူ့ထံ လာ​ရောက်ဂါရဝပြုရန် လာ​နေကြပြီ။ ဂါရဝပြုဖို့ လာကြသည် ဆို​သော်လည်း အဓိကအ​ကြောင်းအရာမှာ ​နောက်လထဲတွင် စတင်မည့် ကုန်သွယ်​ရေးနှင့် ပတ်​သက်သော ကိစ္စများကို ​ဆွေး​နွေးဖို့ပင်။

ရထားလုံး၏ ပြတင်း​ပေါက်မှ တစ်ဆင့် မတ်သီးယက်(စ်) အ​ဝေးတစ်​နေရာကို ​ငေး​မော​နေမိသည်။ အိမ်​တော်ထိန်းကြီး ဟက်စန် က​တော့ မိသားစုအ​​ရေးကိစ္စများကို အကျည်းချုံးပြီး ရှင်းပြ​နေခဲ့သည်။ ​အ​ဝေးကို ​ငေး​​မော​နေ​သော်လည်း သူ့၏ အာရုံမှာ ဟက်စန် ​ပြောတာ​တွေကို ဂရုစိုက်နား​ထောင်​နေမှန်း သူ၏ တိုတိုနှင့် လျင်မြန်​​သော တုံ့ပြန်​ဆွေး​နွေးမှုများက သက်​သေပြ​နေသည်။

အိမ်​တော်၏ စီးပွား​ရေးကို အိမ်​တော်လက်​အောက်တွင် တာဝန်ထမ်း​ဆောင်​နေကြ​သော ဒါရိုက်တာများက ​ဆောင်ရွက်လျက်ရှိပြီး အိမ်​တော်ကြီး အ​ရေးကိစ္စများကို​မူ မတ်သီးယက်(စ်) ၏ အဘွားနှင့် အ​မေဖြစ်သူ တို့ကဦး​ဆောင်လျက်ရှိတယ်။ သို့​​ပေမယ့် ကိစ္စအားလုံး၏ ​နောက်ဆုံးဆုံးဖြတ်ချက်ကို ချရသူမှာ မြို့စားမင်း မတ်သီးယက်(စ်) ပင်။ သူအ​နေနှင့် ဒီကကွက်ကို ကခဲ့ရသည်မှာ သူ ၁၂ နှစ်သား အရွယ်ကပင် ဖြစ်သည်။

ဟက်စန်၏ အိမ်​တော်အ​ရေးကိစ္စ  တင်ပြမှုများဟာ ဟာဟတ်(ဒ်) အိမ်​တော်ဆီသွား​သော ပလက်ပ်​တေးနက်စ် လမ်းမကြီး​ပေါ်သို့ ​ရောက်တဲ့အခါမှ အဆုံးသတ်သွားခဲ့သည်။

ထိုင်ခုံ​နောက်ကို ​​ခေါင်းကိုမှီလိုက်ရင်း သူ မြင်​ဖူးနေကြ မြင်ကွင်းများကို လိုက်ကြည့်​နေမိသည်။ လမ်းမကြီး၏ တဖက်တချက်ဆီတွင် ရှည်လျားမြင့်မားလှ​သော သစ်ပင်ကြီးများက စီစီရီရီ ရှိ​နေကြသည်။ သစ်ကိုင်းတို့မှာ တစ်ပင်နှင့် တစ်ပင် ဆက်​နေသဖွယ် ကိုင်းညွှတ်​နေလျက်ရှိကြသည်။ တချိန်ထဲမှာပင် သစ်ရွက်​လေးများကြား တိုးဝင်လျက်ရှိ​​သော ​နေ၏ အလင်းတန်း​လေးများက​လည်း ​ဝေ​ဝေဆာဆာ ရှိ​နေခဲ့သည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now