အခန်း (၁၂-၃)။ ။ကျီးငှက် မြို့စားမင်း

290 24 3
                                    

(Unicode)

[ခိုင်းလ် ငါ့မျက်မှန်​လေး ​ပျောက်သွားတယ်။ ငါရှာကြည့်​ပေမယ့် ရှာလို့မ​တွေ့ဘူး။ အဲ့ဒါ​ကြောင့် နင်နဲ့ စာကြည့်တိုက် လိုက်လို့မရဘူး။ ​တောင်းပန်ပါတယ်။]

သူ့အလုပ် ပြီးသွား​သောအခါ ဖိုဘီအ​ဝေးကို ပျံသန်းသွားသည်။

ခိုင်းလ် စာကိုစိတ်မ​ကောင်းစွာ ဖတ်လိုက်သည်။ ထို့​​​နောက် ထိုစာကို သူ့ခုံ​ပေါ်က စာအုပ်ထူနှစ်ခု​ပေါ် ညှပ်ခဲ့ပြီး အိမ်မှအပြန်​ပြေးထွက်လာခဲ့သည်။

"ခိုင်းလ် အက်ဒ်မန်း! ​မင်း လေလာ့ဆီကို သွားပြန်ပြီလား?!"

သူ​လှေကားမှ ​ပြေးဆင်းသွားသည်ကို သူ့အ​ဖေ​တွေ့လိုက်ရ​သောအခါ မျက်​စောင်းထိုးပြီး ​ဆူ​တော့သည်။

"စာလုပ်အုံး​လေ ခိုင်းလ်!"

"သား ​လေလာ့နဲ့ တူတူ စာလုပ်လိုက်မယ်!"

ခိုင်းလ် ​​ပျော်​ပျော်ပါးပါး​ဖြေပြီး ​ရှေ့တံခါး​ပေါက်မှ ထွက်သွား​​တော့သည်။

====================

အက်ဒ်မန်းတို့ အိမ်မှ ခပ်​ပြောင်​​ပြောင်​တောက်​တောက် စက်ဘီး​လေး ထွက်ခွာသွားခဲ့သည်။

ခိုင်းလ် စိတ်ပူပူနှင့် စက်ဘီးကို ဒုန်းဆိုင်းနင်းလာရာ ​နောက်ဆုံးသူ အားဗစ်ပိုင်​နေရာသို့ ​​ရောက်လာခဲ့သည်။

စာကြည့်တိုက် မသွားရသည်ကို သူစိတ်မဝင်စား။ သွားဖို့ကတိထားခဲ့ခြင်းမှာ သူမကို ​တွေ့ချင်လို့သာပင်။

သို့​သော်အခု​တော့ ခိုင်းလ် စိတ်ပူ​နေရပြီ။

ထိုမျက်မှန်မှာ သူမကိုယ်တိုင် ကြိုးကြိုးစားစား ရှာ​ဖွေစု​ဆောင်းထား​သော ​ငွေ​လေးနှင့် ဝယ်ခဲ့ခြင်းဖြစ်သည်။

​ဦး​လေး​ဘေးလ်ကို အပူမ​ပေးချင်၍ ယို​​လေးကိုယ့်ဘာသာထိုး​ရောင်း ထို​ရောင်းလို့ရ​သော ​ငွေ​လေးကို ​မရမက စု​ဆောင်းခဲ့​သော ထိုရူးမိုက်မိုက် ​ကောင်မ​လေး ​လေလာ၊ သူမ အ​ကြောင်း​တွေးမိရင်း သူ့နှလုံးသားများ နာကြင်လာခဲ့ရသည်။

"ဟမ် ခိုင်းလ်?"

အဝတ်များလှမ်း​နေ​သော ​လေလာ သူမနားသို့ ​ငွေ​ရောင်စက်ဘီး​လေး ရုတ်တရက် လာရပ်​သော သူမ လန့်သွားသည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now