(Unicode)
"ပြန်လုပ်အုံး"
တိတ်ဆိတ်နေရာမှ မတ်သီးယက်စ် ထပြောလိုက်သည်။
မျက်လုံး ပေကလပ် ပေကလပ် တစ်ချက်နှစ်ချက်လုပ်ပြီးနောက် မတ်သီးယက်စ် သူမကိုပြောနေမှန်း သတိရသွားသည်။
လေလာ မတ်သီးယက်စ်ဘက်သို့ လှည့်လိုက်ချိန် သူမအဆုတ်ထဲလေများ တိုးဝင်၍မရတော့သလို အသက်ရှူရ ခက်သွားသည်။
ထိုအချိန် မတ်သီးယက်စ်က ပြတင်းပေါက်နားရှိ ဆိုဖာခုံတန်းရှည်တွင် အိမ်တော်ထိန်းနှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။ ခုံပေါ်တွင် တောင်လိုပုံနေသော စာရွက်စာတမ်းကိစ္စများနှင့် သူအလုပ်ရှုပ်နေသည်။
"အရောင် တောက်တောက်တွေ မလိုချင်ဘူး"
မတ်သီးယက်စ် သူ့လက်ထဲက စာရွက်စာတမ်းကို ဖတ်ရင်း ပြောလိုက်သည်။
"ထပ်ပြင်အုံး"
လေလာ့ကို ကြည့်လိုက်ချိန် သူရယ်ချင်စရာ နူးညံ့ညံ့အပြုံးလေး ပြုံးလိုက်သည်။
လေလာကတော့ လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး သူမ ရင်ထဲကမကျေနပ်မှုများကို မြိုသိပ်နေသည်။ "အဆင့်ပြေသလို သင့်တော်သလို" ဖြတ်ခဲ့ဖို့ သူအမိန့်ပေးလိုက်သော နှင်းဆီပန်းများက ပြဿနာ၏ အဓိကသော့ချက် ဖြစ်နေသည်။
လေလာ ပန်းများကို ပြန်စီနေချိန် မတ်သီးယက်စ်၏ မျက်လုံးများသေသယောင်ယောင် ပြန်ဖြစ်သွားခဲ့သည်။
ထိုအချိန် အိမ်တော်ထိန်း ဟက်စန်ကတော့ အရေးကိစ္စများကို သေချာရှင်းပြနေပြီး မတ်သီးယက်စ်က လုပ်ရမည့် အချက်များကို ပြန်ဖြေနေသည်။
စိတ်ရှုပ်နေသော ထို အလုပ်သမား မိန်းကလေး၏ ဖြစ်တည်မှုမှာ ထိုအခန်းထဲ ရှိမနေခဲ့ သလိုပင်။
'ဦးလေး ဘေးလ် အတွက်'
ထို စကားလုံးများကို စိတ်ထဲရေရွတ်လိုက်ရင်း လေလာ မြစ်ကမ်းနားတွင်ရှိသာ ထိုစာကြည့်ခန်းမှ ထွက်လာပြီး ပန်းခြံဘက်သို့ ဦးတည်လျှောက်သွားသည်။
YOU ARE READING
မြို့စားမင်း၏ တေးဆိုငှက်ငယ်
Romance#fanstrans **All credits go to original Author-nim and english translators! (Unicode + Zawgyi) ဟာဟတ်(ဒ်) အိမ်တော်ရဲ့ အပြောင်မြောက်ဆုံး ရလဒ်၊ နိဗ္ဗာန်ဘုံသမျှ လှပသည်ဟု တင်စားရသော အားဗစ်မြို့၏ အရှင်သခင်၊ ငှက်လေးများကို အပျော်တမ်း အမည်းလိုက်တတ်သ...