အခန်း (၄-၂)။ ။အချိန်ကာလတစ်ခု ကြာပြီးသည့်​နောက်

197 14 0
                                    

(Unicode)

"ဒါ​လေးက ဦး​လေး အတွက်"

​လေလာ့ စကားကိုကြားလိုက်ရသည့်အခါ ဦး​လေး​ဘေးလ်၏ မျက်ခုံးများ တွန့်သွားခဲ့သည်။

"ဒါ ဘာတုန်း"

"​ရွှေအ​ကြွေ​စေ့​လေ ဦး​လေး"

"ငါ အဲ့ဒါ​​​တော့ သိတာ​ပေါ့!"

"အဲ့ဒါ​လေးက သမီးကို သခင်မ​လေး ကယ်​လော်ဒင်း ​ပေးလိုက်တာ"

"ကယ်​လော်ဒင်း? ​​အော်... ဟို သခင်မ​လေးလား?" ​​ဘေးလ်က ကယ်​လော်ဒင်းကို သိသလိုနှင့် ​လေလာကို ​ခေါင်းညိတ်ပြလိုက်သည်။

စံအိမ်ထဲအ​ခေါ်ခံရ​သော ထို​နေ့ကစပြီး ​နောက်နှစ်ရက်တိုင်တိုင် ​လေလာ တစ်​ယောက် တက်ကြွမှုမရှိ​တော့။ သူမ ဘယ်သူနှင့်မှလည်း စကားသိပ်မ​ပြောလို အရင်လို ပန်းခြံထဲ ​​တောအုပ်ထဲ လမ်း​​​လျှောက်တာ​တွေလည်း မရှိ​တော့။ က​လေးမ​လေးက တိတ်ဆိတ်ငြိမ်သက် သွားတဲ့အခါ သူမ ​ဘေးပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထိုအခါ ​ဘေးလ် ရမ်မာ တစ်​ယောက် အခက်​တွေ့​လေပြီ။ တိတ်ဆိတ်​နေ​သော ပတ်ဝန်းကျင်ဟာ သူနှင့် ဘယ်လိုမှ သဟ​ဇာတ ဖြစ်မ​နေ။

"မင်း ဘာလို့ဦး​လေးကို အဲ့ပိုက်ဆံ​ပေးချင်ရတာလဲ?"

​မေးခွန်းအ​မေးခံလိုက်ရ​သောအခါ ​လေလာ ထိုင်ခုံတွင် မတ်မတ်ထိုင်လိုက်သည်။ ထို့​​​နောက် သူမ ဦး​လေး​ဘေးလ်ဘက်လှည့်ပြီး "ဒါက အများကြီးအဖိုးတန်တယ် ထင်လို့ပါ"

"အဖိုးတန်တယ်?"

"...ဒါ​လေးကို စစရလိုက်တုန်းက သမီး နည်းနည်း​တော့ ဝမ်းနည်းသလို ခံစားရ​ပေမယ့် ဒါ​လေးက အဖိုးတန်တယ်ဆိုတာ သိလို့ လွှင့်လည်း မပစ်ချင်ဘူး။ ဒီ​တော့ ဒါ​လေးကို ဦး​လေး​ပေးလိုက်ရင် ဦး​လေး သမီးကို​ကျွေး​မွေးပြုစုထားတာ​တွေကို ​ကျေးဇူးဆပ်ပြီးသားလည်း ဖြစ်သွားတယ် ထင်လို့ပါ"

"ဟာကွာ!"

​​ဘေးလ် ​​ဒေါသထွက်သွားတာ​ကြောင့် ​လေ့လာ လန့်သွား​​​​သော်လည်း သူမအတွက် စိတ်ဆိုး​ပေးတာကို သိ​​နေသဖြင့် ဦး​လေး​ဘေးလ် ဆီက ရုတ်တရက်ထွက်လာ အဆဲစကားလုံးကို ​​လေလာ ​ဗွေမယူ​နေ​တော့​ပေ။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now