(Unicode)
"အဘွားအမြင်တော့ အားဗစ်မြို့ရဲ့ မြို့စားကတော် နေရာအတွက်ဆို ကယ်လော်ဒင်းက အသင့်တော်ဆုံးပဲ"
အဘွားဖြစ်သူ၏ အမြင်ကိုလည်း မတ်သီးယက်စ် သဘောတူလက်ခံခဲ့သည်။ အမှန်တကယ်ကိုပင် ကယ်လော်ဒင်း ဗွန် ဘရန့်ဒ်ဟာ အပြစ်ပြောဖွယ်ရာမရှိသော ဂုဏ်ဒြပ်တွေနှင့်ပြည့်စုံသော သတို့သမီးလောင်း တစ်ဦးဖြစ်နေသည်။
သို့သော်လည်း သူမဟာ မတ်သီးယက်စ် အတွက် မဖြစ်မနေတောင့်နေသော ဆန္ဒတစ်ခုတော့ မဟုတ်။
အရာအားလုံးဟာ သူကိုယ်တိုင်တောင်မသိလိုက်ရခင်မှာပင် သူ့အတွက်အကောင်းဆုံး ဆိုသည်များကို ဖြစ်သွားလေ့ရှိသောကြောင့် သူ့တွင် လိုချင်တောင့်တမှုဆိုသော ခံစားမှုသည် သူ့အတွက်တော့ စိတ်ကူးယဥ်မှု သက်သက် အဖြစ်ပစ်ပယ်လိုက်လေ့ရှိသည်။
အိမ်ထောင်ရေးလည်း သူ့အတွက်တော့ ထိုနည်းလည်းကောင်းပင်။
သူ့အမြင်တွင်လည်း ကယ်လော်ဒင်း ဗွန် ဘရန့်ဒ်ဟာ သူနှင့် အသင့်တော်ဆုံးသူတစ်ယောက်။ သင့်တော်လိုက်ဖတ်ညီနေတာနှင့်ပင် ကျန်သောအရာတွေကို သူအထူးတလည် စဥ်းစားမနေတော့။
ယှက်ဖြာကျလာသော နေရောင်ခြည်ကို သူမော့ကြည့်လိုက်စဥ် သူ့အမြင်အာရုံ တချက်စူးသွားသည်။
ထိုစဥ် အဝေးတစ်နေရာမှ အမည်မသိအမျိုးသမီး တစ်ဦးကို မြင်လိုက်ရချိန် သူလမ်းလျှောက်တာ ခေတ္တရပ်တန့်လိုက်သည်။
သူ့၏ အာရုံများကို ထိုအဝေးတစ်နေရာမှ စက်ဘီးလေးနင်း၍ လာနေသော ထိုအမျိုးသမီးလေးမှ ဆွဲဆောင်သွားသည်။ သူမ၏ ရွှေဝါရောင် လှိုင်းတွန့်ဆံသားလေးက လေထဲဝဲနေလျက်။
သူလမ်းအနည်းငယ် ဖယ်ပေးလိုက်ချိန် ထိုအမျိုးသမီးလေးက သူ့ဘယ်ဘက်နေရာက ဖြတ်သွားသည်။
"လေလာ လီဝေလ်လင်?"
ထိုအမျိုးသမီးလေး သူမ၏ နာမည်ခေါ်သံ ကြားလိုက်ရချိန် မတ်သီးယက်စ်ဘက် လှည့်ကြည့်လိုက်သည်။
YOU ARE READING
မြို့စားမင်း၏ တေးဆိုငှက်ငယ်
Romance#fanstrans **All credits go to original Author-nim and english translators! (Unicode + Zawgyi) ဟာဟတ်(ဒ်) အိမ်တော်ရဲ့ အပြောင်မြောက်ဆုံး ရလဒ်၊ နိဗ္ဗာန်ဘုံသမျှ လှပသည်ဟု တင်စားရသော အားဗစ်မြို့၏ အရှင်သခင်၊ ငှက်လေးများကို အပျော်တမ်း အမည်းလိုက်တတ်သ...