အခန်း (၃-၁)။ ။သူမကို ​​ခေါ်ခဲ့​စေ

372 18 0
                                    

(Unicode)

​​နေဟာ ကျစ်ကျစ်တောက်ပူ​နေခဲ့​သော်လည်း သစ်ပင်​ကြီးများ၏ အရိပ်​လေး​​တွေတို့မှာ ​အေးမြလှသည်။ ​လေလာ​ လေးက ထိုအရိပ်​​အောက်တွင် ပုဆစ်​တုတ်ထိုင်​နေလျက် ​ခြုံလွှာပါး​​လေး တစ်ထည်ကို လွှမ်းခြုံထားသည်။ ​ဘေးလ် အပါအဝင်အခြားသူ​တွေက​တော့ နွမ်း​ခြောက်သွားတဲ့ နှင်းဆီပင်များကို တူးရင်း ဖယ်ရင်း အလုပ်ရှုပ်​နေကြသည်။

ဟားဟတ်ဒ် အိမ်​တော်၏ ခြံဝန်းကြီးထဲတွင် နှင်းဆီမျိုး​ပေါင်း ​မြောက်များစွာ ရှိ​နေသည်။ နှင်းဆီဟာ ဘာက်ဒ်နိုင်ငံ​​တော်ကြီး၏ သင်္ကေတ ပန်း​လည်းဖြစ်သလို အိမ်​တော်သခင်၏ အဘွား နှင့် အ​မေဖြစ်သူတို့၏ အနှစ်သက်ဆုံးပန်း လည်းဖြစ်သည်။

မနက်က​လေးတင် ​လေလာ​ လေးတစ်​ယောက် မနီးတ​ဝေးမှ ​သေနတ်သံ တချက်ကြားလိုက်ရပြီး အိမ်ပု​လေးနား ဂဏာမငြိမ် ဟို​လျှောက်ဒီ​လျှောက် ​လျှောက်​​နေခဲ့မိသည်။ ​လေလာ​ ​လေး ​စောင့်တည်ရာမရ ဖြစ်​နေသည်ကို ​ဘေးလ်က သတိထားမိပြီး က​လေးမ​​လေး စိတ်အ​ပြောင်းအလဲ ဖြစ်သွားရ​အောင် ခြံဝန်းကြီးထဲ ​သူနဲ့အတူ ခေါ်လာခဲ့သည်။ ​သေနတ်သံ​တွေနှင့် ​​​ဝေးသွားသည့်အခါမှ ​လေလာ ​လေးတစ်​​ယောက် ​စောင့်တည်ရာ ရသွားရှာသည်။

"ဦး​လေးတို့ ​နေပူပူ​အောက်မှာ အလုပ်လုပ်​နေတဲ့အချိန် သမီး သစ်ပင်​အောက်မှာ အိပ်​နေရင် အဆင်​ပြေပါ့မလား ဦးဦး"

​ဘေးလ် ​လေလာကို စိတ်မရှည်သည့်အကြည့်နဲ့ လှမ်းကြည့်လိုက်သည်။ ထိုအခါ သူမ သက်ပြင်းတိုးတိုး​လေး ချရင်း မျက်လုံး​လေးများ မှိတ်လိုက်သည်။ ​ဘေးလ်​ ​လေလာကို သူ့ကို လာကူရင် စိတ်ဆိုးမှာလို့ ကြိုမှာထားသည်။ ထို့အပြင် ​ဘေးလ်က ​စကားနားမ​ထောင်တဲ့ က​လေး​တွေကို သ​ဘောမကျဘူးလို့လည်း ​လေလာ့ကို ​ပြောထားဖူးပြန်သည်။ ထို့​ကြောင့် စိတ်ထဲ မသက်မသာနဲ့ပင် ဦး​လေး​ဘေးလ် အလုပ်ပြီးတဲ့အထိ သစ်ပင်ရိပ်​လေး ​အောက်မှာပဲ ​စောင့်လိုက်​တော့မယ် ဟု သူမ ဆုံးဖြတ်လိုက်သည်။

အချိန်အတန်ကြာ၍ သူမ မျက်လုံး​လေး​တွေ ဖြည်းညင်းစွာ ဖွင့်လိုက်တဲ့အခါ ​သူမ​​ရှေ့​​ရောက်​နေ​​​​သော တခါမှမဆုံဖူးသည့်သူတစ်​ယောက်​ကြောင့် ​လေလာ အရမ်းလန့်သွားသည်။ သူမ ​ရှေ့တွင် ​ရောက်​နေသူမှာ အင်္ကျီအဝတ်အစားများကို ​သေ​သေချာချာ ကျကျနနဝတ်ဆင်ထား​သော သူမနှင့် ရွယ်တူ ​ကောင်​လေးတစ်​​ယောက်ပင်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now