အခန်း (၁၇) ။ ။ အံ့သြစရာ လက်​ဆောင်မွန်

483 28 6
                                    

(Unicode)

​မစ္စတာ ရမ်မာ၏ "သမီး​" ​လေလာ၊ မြို့စားမင်း အိမ်​တော်မှာကျင်းပမယ့် ပါတီပွဲသို့ ဖိတ်ကြားခြင်း ခံရသည်။

မကြာမီ ထိုသတင်းသည် အားဗစ်အိမ်​​တော်သို့ လည်းပြန့်နှံ့ သွားခဲ့သည်။ ​ထိုအိမ်ကြီးထဲ ​နေ​သော လူများလည်း တစ်​ဆင့်စကားတစ်ဆင့်ကြား သွားခဲ့ကြ​တော့သည်။

ထိုသတင်းကို ကြားပြီး​သောလူတို့မှာ သူမ​အ​ပေါ်သနားဂရုဏာ သက်​နေကြ​တော့သည်။ အဘယ်​​ကြောင့်ဆို​သော် ​လေဒီ ဘရန့်ဒ် ​လေလာ့ကို ​ခွေးတစ်​ကောင်သဖွယ် ခိုင်း​စေ ဆက်ဆံခဲ့ပုံမှာ သူတို့ မျက်စိ​ရှေ့တွင် ဖြစ်​နေ​သော​ကြောင့် ပင်ဖြစ်သည်။

"ငါ အဲ့ဒီအထက်တန်းစား​တွေ ဒီ​လောက် ​အကျင့်မ​ကောင်းမှန်း သတိမထားခဲ့မိဘူး"

​စာဖိုးမှူးကြီး မဒမ် မိုနာ မှတစ်ဆင့်ထိုသတင်းကို ​​ဘေးလ် ရမ်မာ ကြားသိလိုက်ရသည်။ ထို​အချိန်တွင် သူသည် ​​နေ့လည်ပိုင်း ခဏ အရိပ်​အောက်တွင် နား​နေခြင်းဖြစ်သည်။ မိုနာ့ဆီက ကြားကြားလိုက်ရခြင်း သူအ​တော်ပင် အံ့သြသွားရသည်။

"သူတို့ကိုယ်သူတို့ သ​ဘောထားပြည့်ဝတယ်​လေး ဘာ​လေးနဲ့၊ ​လေလာက အဲ့လို​နေရာမျိုးမှာ ဘယ်လို​တောင် အ​နေခက်​နေမလဲ ဆိုတာ မသိကြဘူးလား"

"​ဒါ​ပေမဲ့ လေလာ ကအဲ့လိုဟာ​ကြောင့် အ​နေခက်​နေမယ့် က​လေးမ​လည်း မဟုတ်ပါဘူး။ ​နောက်ပြီး သူလည်း မျက်နှာပြရုံပြပြီး ပြန်လာမှာပဲ ဟာ"

"ဟူး... ​ရှင်တို့ ယောကျ်ား​တွေက ဘာမှကို နားမလည်တာပဲ!"

မိုနာဆူလိုက်ချိန် ​ဘေးလ်သူ့လည်ဂုတ်ကိုသာ ကုတ်​နေခဲ့သည်။ ​ထို့​နောက် သောက်​လက်သ ​​ဆေးလိပ်ကို ထုတ်ပြီး ပြာမှုန်များခါချလိုက်သည်။

"ကဲပါ! သူတို့​ဆေးနဲ့ သူတို့ကို ပြန်ပက်​ပေးရမှာ​ပေါ့!"

"ဟမ်? မင်း ဘာကို​ပြော​နေတာလဲ?"

"ဟမ်?ကျွန်မ ​ပြော​နေတာကို ရှင်အခုထိ သ​ဘောမ​ပေါက်​သေးဘူးလား? ကျွန်မ​ပြော​နေတာက ​အဲ့ အထက်တန်းစား​တွေရဲ့ ​လှေကို ​လေနဲ့ တိုက်ထုတ်ပစ်ရမှာ​ပေါ့။ ​လေလာ့ အလှကို ပြန်ပြ​ပေးလိုက်မယ်​လေ!"

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now