အခန်း (၂ -၂)။ ။ လှပ​သော ငှက်သတ်သမား

308 16 0
                                    

(Unicode)

"မြို့စားမင်း ပြန်​ရောက်လာပြီလား"

လူများ​၏​​ထောင့်ဆုံးတစ်​နေရာ ​နောက်တွင် ရပ်​နေ​သော ​လေလာက မ​​ကျေမနပ်နှင့် တိုးတိုး​လေး ​ရေရွတ်လိုက်သည်။ ​ဘေးလ် ဝယ်​ပေးထား​သော နို့နှစ်​ရောင် ဂါဝန်​လေးဟာ သူမ၏ ​ရွေ့လျားမှုနှင့်အတူ ဝဲလျက်ရှိ​နေသည်။

"သခင်​လေး ​တောအုပ်ထဲ ​ရောက်လာတဲ့အခါ အိမ်​တော်ထဲမှာ ​နေခွင့်​ပေးဖို့ ​တောင်းဆိုရမှာ​ပေါ့" ​ဘေးလ်​ပြောရင်း ​တောအုပ်ထဲ ​ဦးတည်လျှောက်သွားသည်။ ​လေလာ​ လေးက​တော့ သူ့​နောက်က တပ်ကြပ်မကွာ လိုက်သွားသည်။

"မြို့စားမင်းလည်း သမီးလိုပဲ ​​​တောအုပ်ကြီးကို သ​​ဘောကျတာလား ဦး​လေး"

"​အေး... ဟုတ်တယ်။ အမဲလိုက်ရတာက သူကြိုက်တဲ့ အရာတစ်ခုပဲ​လေ"

"အမဲလိုက်တယ်? ဒီ​တောအုပ်ထဲမှာလား?" ​လေလာရဲ့ မျက်စံ​လေး​တွေ ကျယ်သွားသည်။ အံ့သြတုန်လှုပ်သွားတဲ့ ​က​လေးမ​လေးကို ​ဘေးလ် ငုံ့ကြည့်လိုက်ပြီး ရယ်လိုက်သည်။

"ဘာလို့လဲ? ​​တောအုပ်ထဲ အမဲလိုက်တာက သဘာဝ မဟုတ်လား?"

"ဒါ...ဒါတို ငှက်​လေး​တွေ... ငှက်​လေး​တွေ​ကိုရော သူအမဲလိုက်လား ဟင်?"

"ပျံသန်း​နေတဲ့ ငှက်​တွေကို လိုက်ပစ်ရတာက မြို့စားမင်းရဲ့ အနှစ်သက်ဆုံး အရာပဲ"

​ဘေးလ် ​ပေါ့​ပေါ့ပါးပါးပဲ ​ဖြေလိုက်တဲ့ အ​ဖြေ​တွေက ​လေလာ့အတွက်​တော့ အသက်ရှူရခက်သွားသည်။ ဒါကို သတိထားမိသွားတဲ့ ​ဘေးလ် ​ချောင်း​ကို တစ်ချက် နှစ်ချက် ဟန့်လိုက်ပြီး မြို့စားမင်းက ​တော်ရုံနဲ့ ​​​​တောအုပ်ထဲ ​ရောက်လာအုံးမှာ မဟုတ်တဲ့ အ​ကြောင်း အာရုံလွှဲလိုက်သည်။

"မင်း မြို့စားမင်းရဲ့ ​သေနတ်ပစ်စွမ်းရည်ကို  မြင်ရတဲ့အခါ အရမ်းကို အံ့သြသွားမှာ။ သူက ငယ်ငယ်​လေးဆို​ပေမယ့် ​သေနတ်ပစ်တဲ့ ​နေရာမှာ​​တော့ ဆရာတစ်ဆူပဲ" ​ဘေးလ် တစ်​ယောက် စကားလမ်း​ကြောင်းလွှဲရင်း ​ပြောမိ​ပြောရာ​တွေ ​ပြော​နေမိ​နေသည်။ တဖက်မှာ ​လေလာက​တော့ ငို​တော့မယ့်ဆဲဆဲ နည်းနည်းပဲ လို​တော့သည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now