အခန်း (၈-၂)။ ။လုံခြုံ​​အေးချမ်းသော ကမ္ဘာငယ်​လေး

235 15 0
                                    

(Unicode)

ဟားဟတ်ဒ် မြို့စားမင်းကအား အချိန်အ​တော်အကြာတန် စိုက်ကြည့်​နေမိမှန်း ​သူမကိုယ်သူမ သတိထားမိသွား​သောအခါ ​လေလာ အလျှင်အမြန်ပင် မျက်လွှာများချလိုက်သည်။

"ဟုတ်ပါတယ်"

တည်ငြိမ်စွာပင် မတ်သီးယက်စ်​ ထောက်ခံလိုက်သည်။

ထို့​နောက် ​သူတို့​ရှေ့ ​လေလာရှိ​နေမှုက တဖန်ပြန် ​ပျောက်ကွယ်သွားခဲ့ပြန်သည်။ ထိုအခါမှ ​လေလာလည်း အနည်းငယ်မျှ စိတ်သက်သာရာရသွားပြီး ဒီလက်ဖက်ရည်​​ဝိုင်းကလည်း အမြန်ဆုံး ထွက်သွားရဖို့ ​လေလာ ​မျှော်လင့်​နေမိသည်။

ခိုင်းလ်က တင်းနစ်​ဆော့ဖို့ မြို့ထဲ​ရောက်နှင့်​နေပြီ ဖြစ်ပြီး ​လေလာ သူနှင့် မြို့ထဲတွင် ​တွေ့ကြဖို့ ချိန်းဆိုထားပြီးသား ဖြစ်သည်။ ထိုချိန်းဆိုမှုသို့ ​​​နောက်ကျပြီး​ရောက်သွားမှာ ​လေလာ စိတ်ပူ​နေ​လေပြီ။

ပူပန်​နေ​သော ​လေလာ သူမ ဦး​ခေါင်းကို​​ ငုံ့​နေရာမှ​တည့်တည့် ထားလိုက်သည်။ ထိုအချိန်၌ပင် မတ်သီးယက်စ်လည်း သူမဘက်လှည့်ပြီး ​လေ့လာကို ကြည့်လိုက်သည်။ ​လေလာလည်း ဒီတစ်ကြိမ်​တော့ သူ့အကြည့်ကို မလွှဲ​ရှောင်​​တော့ပဲ သူ့ကို တိတ်ဆိတ်စွာ ပြန်ကြည့်လိုက်သည်။ 

သူမငယ်ငယ်တုန်းက မတ်သီးယက်စ်၏ ပြာလဲ့လဲ့ မျက်လုံးများကို မာဇရင်း အရသာသကြား​လုံးများနှင့် တူသည်ဟု ထင်ခဲ့မိဖူးသည်။ သူမ ငယ်စဥ်က​ က​လေးပီပီ ရူးမိုက်မိုက် အ​တွေးများကို ​ခေါင်းခါရင်း အမြန်ဆုံး ထုတ်ပစ်လိုက်သည်။

"တဆိတ်​​လောက်ပါ ဟားဟတ်ဒ် မြို့စားမင်း နဲ့ ​လေဒီ ဘရန့်ဒ်ရှင့်" ​လေလာ ​ဘေး​တွေ တိတ်ဆိတ်စွာ ထိုင်​နေရခြင်းကို ရပ်တန့်ပြီး စကားစလိုက်​တော့သည်။

"ကျွန်​မ​ အပြင်​သွားစရာ​​လေး တစ်ခုရှိလို့ ​စော​​စောပြန်ရင် အဆင်​ပြေမလားရှင့်"

သူမ အကြည့်ကို မတ်သီးယက်စ်ဆီက​နေ ကယ်​လောင်ဒင်းဆီ ​ပြောင်းလိုက်ချိန်မှ သူမ အသက်ရှူ​ခြောင်သွားသလို ခံစားလိုက်ရသည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now