(Unicode)
ဓါတ်ပြား ပေါ်သို့ သံချောင်းထောက်လိုက် သောအခါ ဂီတသံစဥ် တစ်ပုဒ် စတင်ပေါ်လာခဲ့သည်။
မဟော်ဂနီ သေတ္တာပေါ်ရှိ ဓါတ်စက်မှ ထွက်ပေါ်လာသော
"အော်ပရာ အေရီယာ" သည် တိတ်ဆိတ်ငြိမ်သက်နေသော စာကြည့်ခန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။တစ်ချိန်ထဲမှာပင် ခိုင်ခံ့သော စားပွဲပေါ်ရှိ နာရီမှ ယခု ညနေငါးနာရီ ရှိနေကြောင်း ဖော်ပြထားလျက်ရှိသည်။
မတ်သီးယက်စ် တေးသွားလည်နှူန်းကို ကြိမ်ဖန်များစွာ အလျှော့အတိုးပြုပြီး သည့်နောက် ဂီတသံစဥ် အသစ်တစ်မျိုး ပေါ်ထွက်လာခဲ့သည်။ ထိုသံစဥ် နားထောင်းရင်း ဆိုဖာပေါ်ပြန်ထိုင်၍ အနားယူလိုက်သည်။
ပျံ့လွင့်လာသော သံစဥ်သည် ပေါ့ပေါ့ပါးပါး နှင့် မြူးမြူးကြွကြွလေး ဖြစ်နေသည်။ သူ၏ ရှည်လျား သွယ်လျသော လက်ချောင်းများက သံစဥ်ကို လိုက်၍ ဆိုဖာခုံ၏ လက်တင်ပေါ်ကို ပုတ်နေလျက်ရှိသည်။
ထို့နောက် မတ်သီးယက်စ်၏ အကြည့်များသည် စားပွဲတင်နာရီဘေးတွင်ရှိနေသော မသေမသပ်အလှဆင်ထားသော နှင်းဆီအိုးတွင် ရှိနေခဲ့သည်။ ထိုမှ တစ်ဆင့် ပြတင်းပေါက်၏ အပြင်ဘက်သို့ သူ၏ အကြည့်များ ရောက်သွားခဲ့သည်။
ညနေစောင်းလာပြီ ဖြစ်၍ ရာသီဥတုမှာလည်း တဖြည်းဖြည်း ချမ်းစိမ့်စိမ့်ဖြစ်လာခဲ့သည်။ မြစ်ဘက်မှ တိုက်ခတ်လာသော လေသည်သူ၏ဝတ်ရုံကို တိုက်ခတ်သွားပြီး တောအုပ်ဘက်ဆီသို့ ဆက်ရွေ့သွားသည်။
အလုပ်စားပွဲပေါ်တွင် တင်ထားသော ငွေရောင်ကွပ်သေတ္တာငယ်ကို သူလှမ်းယူလိုက်သည်။ ထို့နောက် ထိုသေတ္တာငယ်လေးထဲမှာ ဆေးလိပ်တစ်ခုထုတ်ပြီး ညှိလိုက်ချိန် သံစဥ်ဂီတလည်း အဆုံးသတ်သွားပြီ ဖြစ်သည်။
နွေရာသီ၏ ထို ညနေလယ်သည် အလွန်ပင် ပျင်းရိ၍ ငြီးငွေ့စရာ ကောင်းလှသည်။
ထို့နောက် ဆေးလိပ်သောက်ရင်း ဆက်လာသော မြူးမြူးကြွကြွ သံစဥ်တစ်ပုဒ်ကို မတ်သီးယက်စ် နားထောင်နေခဲ့သည်။ ထိုသံစဥ် ပြီးဆုံးသွားသည့် အခါတွင်တော့ ဗန်းတစ်ခုပေါ် သူဖြစ်သလို ပစ်တင်ထားခဲ့သော လေလာ၏ မျက်မှန် တစ်စုံကို ကောက်ယူလိုက်သည်။
YOU ARE READING
မြို့စားမင်း၏ တေးဆိုငှက်ငယ်
Romance#fanstrans **All credits go to original Author-nim and english translators! (Unicode + Zawgyi) ဟာဟတ်(ဒ်) အိမ်တော်ရဲ့ အပြောင်မြောက်ဆုံး ရလဒ်၊ နိဗ္ဗာန်ဘုံသမျှ လှပသည်ဟု တင်စားရသော အားဗစ်မြို့၏ အရှင်သခင်၊ ငှက်လေးများကို အပျော်တမ်း အမည်းလိုက်တတ်သ...