အခန်း (၁၃)။ ။ လ​​ရောင်​​​အောက်ရှိ ညတစ်ည

430 26 2
                                    

(Unicode)

သူမ သီးသန့်အ​ဆောင်မှ ​​ဒေါသထွက်ပြီး​ ထွက်သွား​သော​နေ့နှင့်မတူညီစွာ ထို​နေ့တွင် ​လေလာသည် သိမ်​​မွေ့ပြီး ဘာမှမသိ နားမလည်​သော မိန်းက​လေး အသွင် ဖြစ်​နေခဲ့သည်။

မတ်သီးယက်စ် ဆိုဖာခုံ​ပေါ်ထိုင်ရင်း ထိုကဲ့သို့ 'သိမ်​​​မွေ့​နေ့သည့်' ​လေလာကို ကြည့်​နေခဲ့သည်။

"ဒီလိုမ​လေးမစား ရုတ်တရက်ကြီး​ ရောက်လာမိတာကို ​တောင်းပန်ပါတယ် မြို့စားမင်းရှင်"

​လေလာ သူမဦး​ခေါင်းကို ငုပ်ထားလျက် မဝံ့မရဲ​ပြောလိုက်သည်။ သူမ၏ရှည်လျား​​သော မျက်​​​တောင်​လေးများကပင် မျက်လွှာကိုချလိုက်​သော အချိိန်တွင် သူမသည် သိမ်​မွေ့သည် ဆို​သော် အမြင်ကို ပိုသိသာ​စေ​နေသည်။

"​ကျေးဇူးပြုပြီး ကျွန်မ တစ်ခု​လောက်​ ​မေးချင်တာ​လေး  ရှိလို့ပါရှင့်"

​လေလာ သူမနှုတ်ခမ်းကို တံ​တွေးဖြင့် ကြိမ်ဖန်များစွာ စွတ်စို​စေပြီး​​​နောက်တွင်​တော့ သူမ ​မေးခွန်းတစ်ခု ​မေးလိုက်နိုင်သည်။ သို့​သော် ထိုအချိန်၌ပင် ခုံ​ပေါ်ရှိဖုန်းက ထမြည်ခဲ့သည်။

မတ်သီးယက်စ် ထိုင်ရာမှထလိုက်ပြီး သူမ​ဘေးက ဖြတ်​လျောက်သွားလျက် ဖုန်းသွားကိုင်လိုက်သည်။ ဖုန်းမှာ မတ်သီးယက်စ် ပြန်စစ်ဖို့လို​နေ​သော အပြင်ရှုပ်ရှက်သည့် အလုပ်ကိစ္စတစ်ခုပင် ဖြစ်သည်။

သူ​ဖုန်း​ပြော​နေပုံကို ​လေလာက တအံ့တသြ ကြည့်​နေမိသည်။ မတ်သီးယက်စ်ဟာ ဖုန်းကို​အေး​ဆေး တည်ငြိမ်စွာ ​ဖြေကြား​​နေသည်။ စကား​ပြော​နေစဥ် အရယ်အပြုံးရှိ​​သော်လည်း တဖက်ကလူက သူ့၏ အာဏာနှင့် ဂုဏ်​ကြောင့် ရို​သေ​နေလျက်သည်ဟု ​လေလာ ခံစားရမိသည်။ ဖုန်း​ပြော​နေစဥ် သူသည် လူတကာအားကျရ​​သော အားဗစ်မြို့၏ သခင်သာ။

'မဖြစ်နိုင်ပါဘူး'

​သူမ သက်ပြင်းချလိုက်သည်။ သူ့လို လူတစ်​ယောက်က သူမမျက်မှန်ကို ခိုးယူသွားသည်ဆိုသည့် သူမ​၏သံသယမှာ အခုဆို ဘယ်​လောက်ဟာသ ဖြစ်​နေ​ကြောင်း သူမ​ တွေးလိုက်မိသည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now