အခန်း (၁၅)။ ။​ဖော်​ဖော်​ရွေ​ရွေ အမဲလိုက်ခြင်း

310 26 3
                                    

(Unicode)

​သွေးထွက်သံယို ဖြစ်ရပ်များနှင့် ​​တောအုပ်ကြီးသည် ​နောက်ဆုံးတွင်သူ့၏ နဂိုမူလအတိုင်း တိတ်ဆိတ်အေးချမ်း သွားပြီဖြစ်သည်။

သူ့အဖွဲ့ကို ​နေရာချပြီး​သော မြင်း​ပေါ်ရှိ မတ်သီးယက်စ်သည် ​တောအုပ်တစ်ခုနှင့် တစ်ခုဆက်ထား​သော လမ်းမ​ကြီး​ပေါ်​ခေတ္တခဏမျှ ရပ်​နေခဲ့သည်။

ထို့​​နောက် သူ့အမဲလိုက်ဦးထုပ် ချွတ်လိုက်​သော်အခါ ယှက်နွယ်​နေ​သော ​ရှေ့ဆံပင်များက သူ့ နဖူးထက်တွင် ကျလာခဲ့သည်။ ဒီ​နေ့ အမဲလိုက်ရတာ ​ပျော်စရာ​ကောင်းခဲ့သည်။ ချိန်လိုက်​သော ပစ်မှတ်တိုင်း မလွဲခဲ့ပဲ ထိုပစ်မှတ်မှန်သွား​သော အချိန်တိုင်းက သူ့စိတ်ကို ​ကျေနပ်​မှု ​ပေး​နေခဲ့သည်။ သို့​သော် ထိုထဲမှ ငှက်က​လေးတစ်​ကောင်က သူ့ပစ်ကွင်းထဲမှ မရမက ထွက်​ပြေးလွတ်​မြောက်သွားသည်ကို​​တော့ မတ်သီးယက်စ် လုံးဝမ​ကျေနပ်။

မတ်သီးယက်စ် မြင်းကြိုးကိုဆွဲလိုက်ပြီး အိမ်ပု​လေးဆီသို့ ဦးတည်လိုက်သည်။

အမြဲလိုလို အမဲလိုက်ခြင်းပြီးဆုံးသွားလျှင် ထို​တောအုပ်အနီးနား​နေ​သော ​က​လေးမ​လေး တစ်​ယောက် ​​တောအုပ်ထဲ ​ရောက်လာတတ်သည်။ ထို့​နောက် သူမ ​တောအုပ်ထဲမှာ ငို​နေရင်းနှင့်ပင် ငှက်​သေ​လေးများကို မြှုပ်နှံ​ပေး​နေခဲ့သည်။ ထိုရယ်စရာ​ကောင်း​​သော သူမ၏ အကျင့်ကို မတ်သီးယက်စ် ယခုတိုင် မှတ်မိ​နေဆဲဖြစ်သည်။

ဒါဆိုရင် က​လေးမ​လေး မဟုတ်​​တော့တဲ့ ထိုမိန်းမ​ရော?

သိလိုစိတ်များနှင့် မတ်သီးယက်စ် သူ့၏ ရိုင်ဖယ်လ်​သေနတ်ကို သစ်ကိုင်း​လေး​ပေါ်နား​နေ​သော ငှက်ငယ်​လေးဆီ ချိန်ရွယ်လိုက်သည်။ ထို့​နောက်...

ဘန်း!

ချိန်ရွယ်ထား​သော ပစ်မှတ်ထိသွားနှင့် ငှက်လေးလည်း ​မြေကြီး​ပေါ်သို့ကျသွားသည်။

ပစ်သတ်လိုက်​သော သား​ကောင်ကို ​လှည့်မကြည့်ပဲ နောက်တွင်ထားခဲ့ရင်း သူ့မြင်းကို​ရှေ့သို့သာ ဆက်​စီးသွားခဲ့သည်။

တစ်ကြိမ်။

​နောက် တစ်ကြိမ်။

သူ ချိန်ရွယ်လိုက် ပစ်လိုက် လုပ်​နေခဲ့သည်။

​သွေးစိမ်ရှင်ရှင်နှင့် ငှက်ငယ်​လေးများ မတ်သီးယက်စ် ဝင်သွားသည့် ​တောလမ်းတစ်​လျှောက် ကျကျန်ရစ်ခဲ့သည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now