အခန်း (၁၁-၂)။ ။​​ ရေတိမ်​​ရေနက်

282 22 0
                                    

(Unicode)

မတ်သီးယက်စ် မြစ်ကမ်းပါးကိုမြင်ရ​​သော ပြတင်း​ပေါက်​ရှေ့သို့ ​လျှောက်သွားခဲ့သည်။

​လေလဟာ မြစ်ကမ်းပါးဆီသို့ ​ရောက်​နေခဲ့ပြီဖြစ်သည်။

မြစ်ထဲက​ရေစီနှင့်အတူ ​​​မျောပါသွား​တော့မည့် သူမ၏ ဦးထုပ်​လေးကို မြင်လိုက်ရ​သောအခါ သူမ ​ရှေ့စည်းအဝတ်​လေးနှင့် မျက်မှန်တို့ကို အနီးတစ်​နေရာတွင် ပစ်ပုံချလိုက်သည်။

'အဲ့ ဦးထုပ်စုတ်တစ်လုံးအတွက် မြစ်ထဲခုန်ချမယ်​ပေါ့?'

သူမ၏ အပြုအမူများကို ပြတင်း​ပေါက်မှ အကဲခတ်​နေသည့် မတ်သီးယက်စ်၏ မျက်နှာ​ပေါ်တွင် ​ကျေနပ်​နေ​သော အရိပ်​အ​ယောင်များ ​ပေါ်လာခဲ့သည်။

​​လေလာ့သည် ​ရေ​ကြောက်သူဖြစ်၍ သူမ ဒူး​အောက်ပိုင်းကစပြီး တုန်ယင်​နေခဲ့ရှာသည်။

'ဟ.. သူ တကယ်ခုန်ချမှာလား?'

ထိုစဥ်လေလာ မြစ်ထဲသို့ ဆင်းချလိုက်သည်။ သူမ ဦးထုပ်နားဆီ​ရောက်ဖို့ အချိန်အနည်းငယ်မျှ​တော့ ယူ​နေရသည်။

​ရေအမြင့်သည် သူမ၏ ​ခြေဖဝါး ထိုမှတစ်ဆင့် ခါး​နေ​​ရာ၊ ထိုမှတစ်ဆင့် ရင်ဘတ်​နေရာထိ မြင့်တက်လာသည်။ သို့​သော် ​ရေထဲဆက်​လျှောက်​နေ​သော ​လေလာ့ကို ကြည့်ပြီး စိတ်ဝင်းစားစရာ​ကောင်းသည်ဟု မတ်သီးယက်စ် ထင်မိ​နေသည်။

လက်နှစ်ဖက်ပိုက်လျက်ပင် ​လေလာ့ကို သူဆက်ကြည့်​နေခဲ့သည်။

​​​လေလာဟာ သူမလက်ကိုဆန့်တန်းပြီး ဦးထုပ်ကို ယူမည်ကြံရွယ်ချိန် ​ရေစီးဟာ ဦးထုပ်ကို သူမနှင့် ​ဝေးရာသို့ပင် သယ်​ဆောင်သွားခဲ့ ပြန်သည်။

သို့​​​သော် ​နောက်ဆုံးတွင်​တော့ ဦးထုပ်၏ ဖဲကြိုး​လေးကို သူမလက်နှင့် ဆွဲယူနိုင်ခဲ့သည်။

'အခုဆို ​​ရေထဲ သူမ​ခေါင်းမြုပ်သွား​လောက်ပြီ'

မတ်သီးယက်စ်​ ခေါင်း​​စောင်းပြီး​တွေးလိုက်စဥ်မှာပင် ​ရေမျက်နှာပြင်​ပေါ်မှ ​လေလာသည် ရုတ်တရက်​ပျောက်ဆုံး သွားခဲ့သည်။

"ထင်ခဲ့တဲ့ အတိုင်းပဲ" မတ်သီးယက်စ် သက်ပြင်းချရင်း ​ရေရွတ်လိုက်သည်။ ထို​ကောင်မ​လေးသည် သူမှန်းဆထား​သော ​နေရာ​ရောက်သည်နှင့် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now