(Unicode)
"အရမ်းလှတဲ့ ဦးထုပ်လေးတစ်လုံးလောက် ပေးပါနော်"
သူမ၏ နူးနူးညံ့ညံ့လေသံကိုကြားပြီး ဘေးလ် ထရယ်တော့သည်။ သို့သော်လည်း နောက်နေ့ညနေပိုင်းတွင် သူကိုယ်တိုင်မြို့ထဲသွားပြီး စက်ကတ်ကြေးတစ်လက် သွားဝယ်မယ်ဆိုပြီး ထွက်သွားခဲ့သည်။ ပြန်လာတော့ သူ့လက်ထဲ ပန်းတုများ ဖဲကြိုးများနှင့် အလှဆင်ထားသော ထိုဦးထုပ်လေး ပါလာခဲ့သည်။
"ငါအဲ့ဒါကို မြို့ထဲက လင်ဇေးဆိုင်မှာ ဝယ်လာတာ။ မကြိုက်ရင် အဲ့ကိုပဲပြန်ပေးလိုက်"
ဦးထုပ်လေးကို သူမဆီလှမ်းပေးလိုက်စဥ် ဦးလေးဘေးလ် စကားများကို မသေမချာ ပြောနေသည်။
"ဒါလေးကို ဦးလေး ဘာသာရွေးဝယ်ခဲ့တာလား?"
"ဒါပေါ့"
"ဒါလေးက အရမ်းလှတယ်"
လေလာဟာ ပျော်ပျော်ရွှင်ရွှင်ပြုံးလိုက်ပြီး ထိုဦးထုပ်လေးပ
ကို စောင်းလိုက်သည်။အရင်ကလည်း ဘေးလ် လေလာ့အတွက် အသုံးအဆောင်လေးတွေ များစွာဝယ်ပေးဖူးသည်။ သို့သော် များသောအားဖြင့် မဒမ် မိုနာဆီကို ဝယ်ခိုင်း၍ပဲ ဖြစ်စေ၊ လေလာ မဒမ် မိုနာနှင့်အတူ စျေးလိုက်သွားပြီး သူမ သဘောကျတာ ရွေး၍ဖြစ်စေ ဝယ်ယူလေ့ရှိသည်။
ဦးလေးဘေးလ် အနေနှင့် သူမအတွက် မိန်းကလေးဆန်ဆန် ဦးထုပ်လေးကို ခက်ခက်ခဲခဲရွေးခဲ့ရသည်ကို သူမ သိသည်။ သို့သော် သူမကို ဦးလေးဘေးလ် ဘယ်လောက်ချစ်မှန်း သူမ ခံစားလို့ရခဲ့သည်။
ပန်းကလေးများသည် ဘေးလ် ရမ်မာ ဘဝတွင်အဖိုးအတန်ဆုံး အရာဖြစ်သည်။ ထို့ကြောင့်ပင် ပန်းအများဆုံးနှင့် ဦးထုပ်လေးက အလှဆုံးဟု သူထင်ခဲ့သည်။ ထို့ကြောင့်လည်း ထိုအလှဆုံးသော ဦးထုပ်လေးကို လေလာ့အတွက် သူရွေးချယ် ပေးခဲ့သည်။
"ဟေး! နင်ငါ့ကို ကြိုပြောပြထားတာ မဟုတ်ဘူး" ခိုင်းလ် ကပ်နားထောင်ပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ "အခုတော့ငါက အဲ့လိုလက်ဆောင်လေးကို လှောင်တဲ့ လူဆိုးတစ်ယောက် ဖြစ်သွားပြီပေါ့"
YOU ARE READING
မြို့စားမင်း၏ တေးဆိုငှက်ငယ်
Romance#fanstrans **All credits go to original Author-nim and english translators! (Unicode + Zawgyi) ဟာဟတ်(ဒ်) အိမ်တော်ရဲ့ အပြောင်မြောက်ဆုံး ရလဒ်၊ နိဗ္ဗာန်ဘုံသမျှ လှပသည်ဟု တင်စားရသော အားဗစ်မြို့၏ အရှင်သခင်၊ ငှက်လေးများကို အပျော်တမ်း အမည်းလိုက်တတ်သ...