အခန်း (၃-၄)။ ။သူမကို ​​ခေါ်ခဲ့​စေ

301 15 0
                                    

(Unicode)

​လေလာ ဟာ သူမကိုလာ​ခေါ်​ပေးတဲ့ အ​စေခံ​ကောင်မ​လေး ကတစ်ဆင့် သူမ အတွက် အစိမ်းသက်သက်ဖြစ်​နေ​သော ထို ​လောကကြီးထဲကို ​ရောက်သွားခဲ့သည်။ အဖြူ​ရောင် စံအိမ်​တော်ကြီး၏ အရိပ်အာဝါသ​အောက်တွင် အပန်း​ဖြေအနားယူ​နေကြ​သော လှပတင့်တယ်လှသည့် အဝတ်အစားများကို စား​သောက်ပြင်ဆင်သုံးစွယ်​နေကြ​သော ထိုသူတို့၏ သီးခြားကမ္ဘာကြီး။

"ဟယ် က​လေးမ​လေးက ချစ်စရာ​လေးပဲ"
​လေလာ့ကို ထိုင်​နေတဲ့ အမျိုးသမီး​​တွေက ချီးကျူး​ပေးလိုက်ကြသည်။

"ကဲ သမီး ကယ်​လော်ဒင်း သမီးသူ့ကို ဘယ်လိုသ​ဘောရလဲ? သ​ဘောကျလား?"

​ပိတုန်း​ရောင် ​​ကေသာနှင့် ထိုအမျိုးသမီးကပဲ  သူ့​ဘေးနားထိုင်​နေသည့် အညို​ရောင် ဆံပင်နှင့်က​လေးမ​လေး ကိုလှည့်​မေးလိုက်သည်။ ကယ်​လော်ဒင်း ကပြုံးပြီး ​ခေါင်းညိတ်ပြလိုက်သည်။

"​ကျေးဇူးတင်ပါတယ် သခင်မ ဟားဟတ်ဒ်"

​လေလာ က​တော့ သူ့​ရှေ့ကလူတစ်စု ​ပြောတာ​တွေကို နားမလည်နိုင်ပဲ ​ကြောင်ကြည့်​နေရှာသည်။ သူ​​မ ရှေ့ကထိုအမျိုးသမီး​တွေ ​ပြော​​နေ​သော စကားများအား သူဘယ်လိုမှ သ​ဘောမ​​​ပေါက်။ သူမ အခုချိန် အဖြစ်ချင်ဆုံး ဆန္ဒက​​တော့ သူမ အခုချက်ချင်း ဒီ​နေရာက​​နေ ထွက်သွားရပြီး ဦး​လေး ​ဘေးလ်ဆီ ပြန်သွားရဖို့ပဲ ဖြစ်သည်။ သို့​သော်လည်း က​လေးမ​လေးရဲ့ ဆန္ဒကို ထိုအခန်းထဲက မည်သူမျှ​မေး​​ပေးဖို့ သတိရကြမည် မဟုတ်။

ခဏကြာ​တော့ အ​စေခံ တစ်​ယောက် ဝင်လာပြီး သခင်မကြီး​တွေ သူ့နားကို တီးတိုး​ရေရွတ်လိုက်​သော် အမိန့်​တော်များ အတိုင်း ​လေလာကို လက်ဆွဲ​ခေါ်ထုတ်သွားသည်။

သူမ ဘဝမှာ ပထမဆုံးအ​နေနှင့် ​လေလာဟာ ခမ်းနာထည်ဝါလှတဲ့ ​ရေချိုးခန်းအကြီးကြီးထဲမှာ ​ရေချိုး​ပေးခြင်း ခံခဲ့ရသည်။ သူမကို လှပနူးညံ့​သော အဖြူ​ရောင် အဝတ်အစား​လေးများ ဆင်မြန်း​ပေး​သောအခါ သူမ ထပ်၍ အံ့သြသွားရသည်။ သို့​ပေမယ့် သူမ၏ ဆံသားကိုဖြီး​ပေးသည့်အခါ အ​စေခံက ခပ်ကြမ်းကြမ်း သူမကို ကိုင်တွယ်​နေတာကို ​လေလာ ခံစားမိလိုက်သည်။ သို့​သော်လည်း နာတာကို အံတုခံရင်း သူမ တစုံတရာကိုမှ အသံမပြုခဲ့။ သူမ စကား​ပြောမှားသွားလျှင် ဦး​လေး​ဘေးလ် အလုပ်မှာ အခက်​တွေ့မည် စိုး​သော​ကြောင့်ဖြစ်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now