(Unicode)
"ဟဲ့ရေ... နင်တို့ ကြားပြီးပြီလား။ ဥယျာဥ်မှူးကြီး ဘေးလ် ရမ်မာ တစ်ယောက် ကလေးမလေး တစ်ယောက်ကို အိမ်မှာခေါ်ထားတယ်တဲ့လေ"
အစေခံ ကောင်မလေးက အိမ်တော်ကြီးရဲ့ အစေခံများ၏ နားနေဆောင်ထဲ ပြောရင်း ဝင်လာခဲ့သည်။ အနားယူနေကြသော အစေခံများ အားလုံးက ထိုကောင်မလေး ပြောတာကို အာရုံစိုက်လိုက်ကြသည်။
"ကလေးမလေး? မစ္စတာ ရမ်မာက ဟုတ်လား? သူ့ဆိုရင် သူ ဆင်ဖြစ်ဖြစ် ခြင်္သေ့ ဖြစ်ဖြစ် တစ်ကောင်ကောင်ကို အိမ်ထဲ သွင်းထားတယ်ပြောရင်တော့ ယုံနိုင်ပါသေးတယ်"
အစေခံ တစ်ယောက်က လှောင်ပြီး ထပြောလိုက်သည်။
ဟားဟတ်(ဒ်) အိမ်တော်ကြီးရဲ့ ဥယျာဥ်မှူးကြီး ဘေးလ် ရမ်မာ၊ သူဟာဆိုရင်ဖြင့် ပန်းပျိုးတဲ့ပညာမှာ ဆရာ တစ်ဆူ။ ဒေါသအိုးဆိုပေမယ့် သူအနေနဲ့ဥယျာဥ်မှူး လုပ်လာတဲ့ သက်တမ်းက ခုဆို အနှစ် ၂၀ လောက်ရှိပြီ။
သူ့ကို ဟားဟတ်(ဒ်)အိမ်တော် တစ်ခုလုံးက ယုံကြည်မှု အပြည့်အဝပေးထားသည်။ အထူးသဖြင့် အိမ်တော်၏ သခင်မကြီးဖြစ်သူ နော်မာ ပေါ့။ ပန်းတွေကို အလွန်ချစ်မြတ်နိုးတဲ့ သူမ ကတော့ ပန်းပျိုးတဲ့ နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဘေးလ် ရမ်မာရဲ့ ဒေါသကြီးမှုကို မျက်လုံးမှိတ်ပေးထားသည်။ ဘေးလ် နေဖို့အတွက်ကိုပင် စံအိမ်ကြီးရဲ့ အနောက်ဘက် သစ်တောထဲ အိမ်ပုလေး တစ်လုံးဆောက်ပေးထားခဲ့သည်။
ဘဝဟာ ဘေးလ် ရမ်မာဖို့ အလွန် လွယ်ကူနေခဲ့သည်။
သူ ခြံဝန်းထဲ အလုပ်လုပ်မယ်။ ပြီးရင် အိမ်ပုလေးထဲပြန် နားမယ်။ ဒါမှမဟုတ် သူ့အပေါင်းအသင်းတွေနဲ့ နည်းနည်းပါးပါး သောက်မယ် စားမယ်။ သို့ပေမယ့် သူ့ရဲ့ အချိန်တွေကို များသောအားဖြင့် ပန်းပင်လေးတွေနဲ့သာ ကုန်ဆုံးလေ့ရှိတယ်။ သူ့ဘဝမှာ တွယ်တာစရာဆိုလို့ လွန်ခဲ့သော ဆယ်စုတစ်ခုက ဆုံးပါးသွားခဲ့ရတဲ့ သူချစ်ဇနီးက လွဲ၍ တခြားသူဆိုတာ မရှိတော့။
အဲ့လိုလူ ဘေးလ် ရမ်မာက ကလေးမလေး တစ်ယောက်ကို ပြုစုပျိုးထောင်မယ်?
YOU ARE READING
မြို့စားမင်း၏ တေးဆိုငှက်ငယ်
Romance#fanstrans **All credits go to original Author-nim and english translators! (Unicode + Zawgyi) ဟာဟတ်(ဒ်) အိမ်တော်ရဲ့ အပြောင်မြောက်ဆုံး ရလဒ်၊ နိဗ္ဗာန်ဘုံသမျှ လှပသည်ဟု တင်စားရသော အားဗစ်မြို့၏ အရှင်သခင်၊ ငှက်လေးများကို အပျော်တမ်း အမည်းလိုက်တတ်သ...