အခန်း (၁၆)။ ။ "ဘာမှမဟုတ်" တဲ့ တစ်စုံတစ်ခု

498 32 10
                                    

(Unicode)

​နေဟာ စတင်ဝင်​​နေပြီဖြစ်၍ အားဗစ် ​တောအုပ်အတွင်းမှာလည်း ​မှောင်မိုက်စပြု​လာပြီ ဖြစ်သည်။

ထိုအချိန်တွင် ငှက်​သေ​လေးကို မျက်ရည်ဝဲဝဲနှင့် ကြည့်​နေ​သော ​လေလာ့ကို မတ်သီးယက်စ် စိုက်ကြည့်​နေခဲ့သည်။ သူတို့နှစ်ဦးကြားတွင် အချိန်ကာလတစ်ခုထိတိုင် တိတ်ဆိတ်ငြိမ်သက်​နေခဲ့သည်။ ထိုအ​ခြေအ​နေတွင် ​လေလာဘယ်လိုမှ ထွက်မ​ပြေးနိုင်သည်ကို သိ​နေ၍ မတ်သီးယက်စ် စိတ်ရှည်စွာ ​စောင့်ဆိုင်း​နေခဲ့သည်။

"ဒီတိုင်း..."

​လေလာ ​ခေါင်း​မော့လိုက်သည်။ သူမမျက်ဝန်းထဲက ​ဒေါသများကို အ​မှောင်ထုကပင် ဖုံးလွှမ်းထားမနိုင်ခဲ့။ သူမ၏ အကြည့်များသည် နာကြည်းမှု၊ ​ဒေါသထွက်မှုများနှင့် ပြည့်လျှံ​နေခဲ့​​သော်လည်း မတ်သီးယက်စ်က​တော့ သူ့အကြည့်ကို ​​ရှောင်လွှဲ​နေသည်ထက် ယခုကဲ့သို့ အကြည့်ခံရခြင်းက ပိုသာသည်ဟု ခံယူ​နေသည်။

"ဒီတိုင်း​ပြောပြ​ပေးပါလား? ကျွန်မ ဘာအမှားလုပ်မိလဲ ဆိုတာ"

"အမှား?"

"ဟုတ်ပါတယ်။ မြို့စားမင်းအ​ပေါ်  ကျူးလွန်မိတဲ့ ကျွန်မအမှား.... ဘာလို့ကျွန်မက ဒီလို​တွေအပြစ်​ပေးခံ​နေရတာလဲ?"

"ငါ မင်းကိုဘယ်တုန်းကမှ အပြစ်မ​ပေးခဲ့ဘူး ​လေလာ" မတ်သီးယက်စ် ရယ်လိုက်သည်။ "ငါက ငါလုပ်စရာရှိတာကို လုပ်​နေတာ၊ ပြီး​တော့မင်း၊ မင်းလည်း မင်းလုပ်ရမယ့် တာဝန်ကို လုပ်သွားခဲ့ရုံပဲ"

တခဏ​လောက် ​တွေးပြီး​နောက် မတ်သီးယက်စ် ​လေလာ့ကို နှိမ့်ချ​သော အကြည့်ဖြင့်ကြည့်လိုက် ပြန်သည်။

"အမှား...ဟုတ်လား?... ဘာကိစ္စနဲ့ ငှက်​တွေကို အဲ့​လောက် သ​ဘောကျ​နေရတာလဲ?"

တူညီ​သောမေးခွန်းကို သူထပ်​မေးလိုက်သည်။

​လေလာ ​ကောင်းကင်ကို ​မော့ကြည့်လိုက်သည်။ ထို့​​နောက် ငှက်​သေ​လေးကို ပြီးမှ မတ်သီးယက်စ် ထံပြန်ကြည့်လိုက်သည်။ သူမ ပုခုံးများ တုန်ယင်​နေ​သော်လည်း မျက်လုံးအိမ်​လေးက​တော့ ကျယ်​နေခဲ့သည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now