အခန်း (၂၁)။ ။လူကြီးဖြစ်ဖို့ အချိန်ကျပြီ

985 34 7
                                    

(Unicode)

"မင်းကို ဒီမှာတစ်​ယောက်ထဲ ထားခဲ့ရတာ အဆင်​ပြေပါ့မလား?" ဦး​လေး​ဘေးလ် တစ်​ယောက် စိတ်ပူပူနှင့် သက်​ပြင်းများချ​နေခဲ့သည်။

"ဦး​လေး ဒီလိုသာ ဆက်ပြီးပူ​နေရင် ဟိုမှာ ရထားကထွက်သွား​တော့မယ်"

​လေလာ နူးညံ့စွာ အား​ပေးလိုက်သည်။

သူမ အဆင်​ပြေ​​ကြောင်းကို ယုံယုံကြည်ကြည်နှင့် ​ပြော​နေ​သော ​လေလာ့ စကားကိုပင် ​​နောက်ဆုံး ဦး​လေး​ဘေးလ်လည်း လက်ခံလိုက်ရ​သည်။

လွန်ခဲ့​သော ​နေ့၏ ​နေ့လည်ပိုင်းအချိန်တွင် အိမ်ပု​လေးဆီ အ​ရေးကြီးသတင်း တစ်ခု​ရောက်လာခဲ့သည်။ ထိုသတင်းမှာ ဦး​လေး​ဘေးလ်၏ အစ်ကိုဆုံးသွား​သော သတင်းပင်။ ညီအစ်ကိုနှစ်​ယောက် မ​တွေ့ဖြစ်ကြသည်မှာ နှစ်​ပေါင်းများစွာ ကြာမြင့်​နေပြီဖြစ်​သော်လည်း တစ်ဦးတည်း​သော အစ်ကို​၏ ​နောက်ဆုံးခရီးကို​တော့ ​ဘေးလ်အ​နေနှင့် မျက်နှာမလွှဲနိုင်ခဲ့။

ထို့​ကြောင့် ရက်အနည်းငယ်​လောက် အလုပ်မှခွင့်ယူပြီး ​​နေရပ်ပြန်ဖို့ ​ဘေးလ် ဆုံးဖြတ်လိုက်သည်။ ထိုသို့သွားရမည်အတွက် သူဘာမှ​ထွေ​ထွေ ထူးထူးပူပန်စရာ မရှိ​သော်လည်း  ဒီမှာ ​လေလာ့ကို တစ်​ယောက်ထဲ ထားခဲ့ရမည်ကို​တော့ သူ​နောက်​​ကျောမလုံ ဖြစ်​နေခဲ့ရသည်။

"တံခါးကို ပိတ်ဖို့မ​​မေ့နဲ့။ ပူရင်​တောင် ပြတင်း​ပေါက်ဖွင့် မထားနဲ့" ထိုစကားများကို ​လေလာ့အားမှာ​နေခဲ့သည်မှာ မ​နေ့ညမှစပြီး အခုထိ ​အ​ခေါက်​ပေါင်းများစွာ ရှိ​နေပြီဖြစ်သည်။

"ငါ့ အခန်းထဲမှာ ​ထောင်ထားတဲ့ ​သေနတ်ကို ​တွေ့တယ်မလား..."

"ဟုတ် သမီးတံခါး​တွေ ​သေချာပိတ်ထားမယ်။ ပူ​နေရင်​တောင် ပြတင်း​ပေါက် မဖွင့်ဘူး။ ပြီးရင် ညဆိုရင်လည်း ဦး​လေး ​သေနတ်ကို ​​ဘေးမှာထားအိပ်မယ်။ လူဝင်လာတာနဲ့ ပစ်လိုက်မယ်"

​လေလာ ခဏခဏကြား​နေ​သော ထိုစကားများကို ဂါထာသဖွယ် ပြန်ရွတ်ပြလိုက်သည်။

"​​သမီး ​ကောင်း​ကောင်းစားမယ်။ အိပ်လည်းအိပ်မယ်။ သမီး အဆင်​ပြေမှာပါ"

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now