အခန်း (၂ -၃)။ ။ လှပ​သော ငှက်သတ်သမား

205 15 0
                                    

(Unicode)

အားဗစ်မြို့သို့ လွန်ခဲ့​​သော အပတ်က ပြန်​ရောက်လာ​သော မတ်သီးယက်စ် တစ်​ယောက် ဧည့်သည်များကို လက်ခံ​တွေ့ဆုံရင်း နှင့်ပင် ​တောအုပ်ကြီးနားသို့ ​ခြေဦး​တောင် မလှည့်နိုင်ခဲ့။

သူပြန်​ရောက်လာ​သော ရက်ကစပြီး အိမ်​တော်ကြီးမှာ ဧည့်ခံပွဲများဖြင့် ​နေ့ရက်တိုင်းလိုလို စည်ကား​နေ​သော်လည်း ​တောအုပ်ကြီးမှာပဲ ဆိတ်ငြိမ်လျက်ပင်။

​ယခုဆို ​မကြာခင် အချိန်တွင်းမှာ နွေရာသီပင် ကုန်ဆုံး​တော့မည်ဖြစ်သည်။ ​​တောအုပ်ထဲတွင် ကိန်းဝပ်​နေ​သော ငှက်ဥ​လေးများက မကြာခင် အချိန်တွင်း သား​ပေါက်​လေးများ ​ပေါက်လာ​တော့မည်။ ထို့အတူ ​နွေရာသီဝင်စကထဲက ဖူးပွင့်ဖို့ အားယူ​​နေခဲ့ကြ​သော နှင်းဆီဖူး​လေးများက​တော့ ခု​​တော့ ​ဝေ​​တေဆာဆာ ဖူးပွင့်​နေကြ​လေပြီ။ အ​ပြောင်းအလဲ ​သေး​သေး​လေး​လေးများကို လိုက်ကြည့်ရင်း ​လေလာ တစ်​ယောက် ​တောအုပ်ထဲ ​ပျော်မြူး​နေသည်။

"​လေလာ အ​ဝေးကြီး မသွားနဲ့အုံး!" ​နောက်က ​ဘေးလ်က လှမ်း​အော်​နေရှာသည်။

"ဟုတ်! သမီး စမ်း​ချောင်း​လေးနားပဲ သွားပြီး ပြန်လာခဲ့မယ်​​နော် ဦး​လေး!"

​ပြောပြီး သည်နှင့် ​လေလာ တစ်​ယောက် သူမ လက်နှစ်ကို လွတ်လပ်စွာ အ​​ပေါ်သို့ ​မြှောက်လျက် ဟောင်းနွမ်း​နေ​သော သား​ရေအိတ်​လေးလွယ်ပြီး တောအုပ်ထဲ ​ပြေးဝင်သွား​တော့သည်။  ​

သစ်ကိုင်း​ပေါ်ရှိ အသိုက်ထဲ ငှက်ဥ​လေး​တွေ ​အ​ကောင်​ပေါက်တာကို ပထမဆုံး သိသူမှာ ​လေလာ ပင်။ အ​တောင်အ​မွှေး မရှိ​​သေးသာ ငှက်ငယ်​လေးများက အစာချီလာတတ်​​သော သူတို့၏ မိခင်ငှက်မကြီးကို ​စောင့်စားလျက်ရှိကြသည်။ သူမ သစ်ပင်ကြီး​ပေါ်မှ တစ်ဆင့်ဆင်းလိုက်ပြီး မနီးမ​ဝေး သစ်ကိုင်းတစ်ခု​ပေါ်  ထိုင်လျက်​နေရာယူလိုက်သည်။ ထို့​နောက် သူမ၏ သား​ရေအိတ်ထဲတွင် ပါလာ​သော စာရွက်​ကြမ်း​လေး တစ်ခုကို ထုတ်ပြီး ငှက်​ပေါက်​လေး​တွေပုံကို ပန်းချီစခြစ်​​တော့သည်။ သူမ၏ ပန်းချီများမှာ ရှုပ်ပွ​နေတတ်​ပေမယ့် ငှက်ပုံ​လေး​တွေကို​တော့ အ​သေးစိတ်အချက်အလက်​လေးများ ပါရန် ​လေလာ အမြဲဂရုစိုက်​လေ့ရှိသည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now