(Unicode)
"ငါတော့ နည်းနည်းပျင်းနေသလိုတောင် ခံစားလာရပြီ" ပြောရင်းနှင့် သူ့မျက်နှာပေါ်က ရေများကို မတ်သီးယက်စ် လက်ဖြင့်သုတ်လိုက်သည်။ သူ့ရယ်သံဟာ တဖြည်းဖြည်း ဆိတ်သုဥ်းသွားပြီး နဂို တည်တံ့သော မျက်နှာပြန်ဖြစ်သွားခဲ့သည်။
"ဘာလို့... ဘာကို... ဘာ့ကြောင့် ကျွန်မအပေါ် ဒီလိုတွေ လုပ်နေရတာလဲ?"
အကြောက်တရား ဖုံးလွှမ်းနေသော်လည်း လေလာ မတ်သီးယက်စ် ဆီမှ အကြည့်မလွှဲခဲ့ပေ။
"လေလာ၊ ကျေးဇူးတင်"
ပြောရင်းနှင့် မတ်သီးယက်စ် သူ့၏စိုစွတ်နေသော ရှပ်အင်္ကျီမှ လက်အနားများကို ခေါက်တင်နေလိုက်သည်။"မင်းရဲ့ အသက်သခင် ကျေးဇူးရှင်ကို မင်းကျေးဇူးတင်"
သူ့ကို မယုံနိုင်သော မျက်လုံးများနှင့်ကြည့်နေသော လေလာ့ကို သူရရင် ရသလို စနောက်နေခဲ့သည်။
"ကျွန်မ ဦးထုပ်ကိုသာ မြို့စားမင်း မြစ်ထဲသာ မပစ်ချခဲ့ရင် ဒါတွေကဖြစ်လာစရာ အကြောင်းကိုမရှိဘူး"
"မဟုတ်ဘူး" မတ်သီးယက်စ် မျက်ခုံးများ ကြုံ့လိုက်သည်။
"ဒါတွေက မင်းသာ စားစရာရှိတာစားပြီး ပြန်လိုက်ရင် ဖြစ်လာစရာကို မရှိတာ"
လေလာ မတ်သီးယက်စ် အတည်ပေါက်စွာ ပြောနေသော စကားများကို ကြားရပြီး မျက်မှောင်ကြုံ့လိုက်သည်။
"ပြီးတော့ ရေလည်းမကူးတတ်ပဲ အဲ့လို ရူးရူးမိုက်မိုက်ရေထဲ ခုန်မဆင်းခဲ့ရင်လည်း ဒါတွေဖြစ်လာစရာ အကြောင်းမရှိဘူး"
မတ်သီးယက်စ် သူ့နဖူးပေါ်က ရေများကို လက်ဖျားထိပ်များဖြင့် သုတ်ဖယ်ရင်းပြောလိုက်သည်။
ဦးလေး ဘေးလ်၊ ဦးလေး ဘေးလ်၊ ဦးလေး ဘေးလ် - သူမ စိတ်ထဲ ကြိမ်ဖန်များစွာ ရေရွတ်လိုက်သည်။ လေလာ သွားကိုကြိတ်၍ ကျောကို ဆန့်လိုက်သည်။
".... ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့စားမင်း"
YOU ARE READING
မြို့စားမင်း၏ တေးဆိုငှက်ငယ်
Romance#fanstrans **All credits go to original Author-nim and english translators! (Unicode + Zawgyi) ဟာဟတ်(ဒ်) အိမ်တော်ရဲ့ အပြောင်မြောက်ဆုံး ရလဒ်၊ နိဗ္ဗာန်ဘုံသမျှ လှပသည်ဟု တင်စားရသော အားဗစ်မြို့၏ အရှင်သခင်၊ ငှက်လေးများကို အပျော်တမ်း အမည်းလိုက်တတ်သ...