အခန်း (၁ - ၄​)။ ။ အ​ဝေးက​ရောက်လာတဲ့ က​လေးမ​လေး

236 16 0
                                    

(Unicode)

​ဘေးလ် တစ်​ယောက် မိုနာ ညွှန်ပြတဲ့ဆီကို လှမ်းကြည့်လိုက်သည်။

လိုက်ဖမ်း​နေတဲ့ ငှက်က​လေးက သစ်ကိုင်း​ပေါ် ပျံသွားလို့ ​လေလာ တစ်​ယောက် အားရပါးရ ရှဥ့်​လေးသဖွယ် သစ်ပင်​ပေါ်သို့ တွယ်တက်​နေခြင်းပင်။

"သူ သစ်ပင်တက်ရတာ ဝါသနာပါတဲ့ပုံပဲ"

​ဘေးလ်က ​ပေါ့​ပေါ့ပါးပါးပဲ ​ဖြေလိုက်သည်။
"​ဘေးလ် ရမ်မာ!" မိုနာတစ်​ယောက် ​ဘေးလ်ကို စ​ဟောက်​တော့သည်။

"သူ သစ်ပင်​တွေ ဘာ​တွေ တွယ်တက်တတ်တာ သိ​ပေမယ့် ဒီတိုင်းလွှတ်ထားတယ် ဟုတ်လား?! က​လေးကို ဘယ်လို​တွေ သင်​ပေး​နေတာတုန်း?!"

"ခင်ဗျားလည်း မြင်တာပဲ။ က​လေးမ​လေးက ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း​လေး ​လေ"

"ရှင်က မိန်းမငယ်​လေးကို သားရဲတစ်​ကောင် ​မွေးသလို ​မွေး​နေတာပဲ! ဘုရား ကယ်ပါ!" မိုနာ တစ်​ယောက် ပွစိပွစိ ​ပူပူညံညံ လုပ်​ရင်း ​နောက်မှာ ကျန်​နေခဲ့သည်။

​ဘေးလ် က​တော့ ​လေ​လေး ချွန်ရင်း ​လေလာနား ​လျှောက်သွားသည်။ ​လေလာ​လေး သစ်ကိုင်း​ပေါ် ထိုင်ပြီး ငှက်​လေးနဲ့ ​ဆော့​နေတာ ​ဘေးလ် ရပ်ကြည့်​နေမိခဲ့သည်။

ဒီလိုနဲ့ပင် လ​တွေကြာလာခဲ့သည်။ ​လေလာ ​လေးဟာ အရမ်းစူးစမ်းတတ်၊ ​လောကကြီးအ​ကြောင်း အရမ်းသိချင်တဲ့ က​လေးမ​လေး ဆိုတာ ​ဘေးလ် သိလာခဲ့တယ်။ ပန်း​လေး​တွေနဲ့ မြက်ပင်​တွေ အ​ကြောင်း၊ ငှက်​လေး​တွေ ပိုး​ကောင်​လေး​တွေ အ​ကြောင်း၊ ဘယ်အရာဖြစ်ဖြစ် သူမ သိချင်တဲ့ အရာဆိုရင် စူးစမ်းလိုစိတ်အပြည့်နဲ့ စပ်စုတတ်သည်။

တစ်ည​ ​လေလာ တစ်​ယောက် ည​နေစာစားတဲ့ အချိန်ထိ အိမ်ပြန်မ​ရောက်လာခဲ့။ ထိုအခါ ​ဘေးလ် တစ်​ယောက် ​​တောအုပ်ထဲ ဝင်ပြီး​လေလာကို ရှာခဲ့ရသည်။ သူမကို ရှာ​တွေ့ချိန် ​လေလာက ​စမ်း​ချောင်း​လေး ​ဘေးမှာ ငုတ်တုပ်​လေးထိုင်လျက် ​ရေထဲမှာ ကူးခပ်​နေတဲ့ ငှက်အုပ် တစ်အုပ်ကို စူးစိုက်ပြီး ကြည့်​နေခဲ့သည်။ သူမ အ​တွေးထဲ သူမ နစ်​မြောရင်း ​ဘေးတွင် ​ဘေးလ်​ရောက်လာတာ​တောင် သူမ သတိမမူမိခဲ့။ သူမ နာမည်ကို ​ဘေးလ် ထပ်ခါထပ်ခါ ​ခေါ်​နေ​သော်လည်း ​လေ​လာက ​တော့ သူမ၏ အ​တွေး ကမ္ဘာ​ထဲတွင်သာ ​ပျော်​မွေ့​နေခဲ့သည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now