အခန်း (၄-၁)။ ။အချိန်ကာလတစ်ခု ကြာပြီးသည့်​နောက်

292 17 0
                                    

(Unicode)

​ကောင်းကင်ကြီး နှင်းဆီ​ရောင်သန်း​စပြု​နေပြီ ဖြစ်သောအချိန်၌ ​လေလာ တစ်​ယောက် စံအိမ်​တော်ကြီးထဲမှ ထွက်လာခဲ့သည်။ သူမ​​ရှေ့တွင် နှင်းဆီခြံကြီးမှ သူမကို အား​ပေး​​နေသဖွယ် ​နွေး​ထွေးစွာ ကြိုဆိုလျက်ရှိသည်။

​လေလာ သူမညာဘက်လက်ထဲတွင် ရလာ​သော အ​ကြွေ​စေ့ကို တင်းတင်းကြပ်ဆုပ်ကိုင်ရင်း သူမကိုယ်သူမ ယုံကြည်မှု ရှိရှိ လမ်း​လျှောက်လာသည်။ သို့သော် သူမ၏ ခပ်သွက်သွက် ​​ခြေလှမ်းများက နှင်းဆီပွင့်များကြား​ လှပစွာဆောက်လုပ်ထား​သော ဇရပ်ငယ်​လေးတစ်ခုထဲ ရှိ​နေ​သော ကယ်​လော်ဒင်းကို ​တွေ့လိုက်ရချိိန် ရပ်တန့်သွားခဲ့သည်။ အညို​ရောင် ဆံပင်နှင့် ထို​ကောင်မ​လေးသည် ထို​နေရာတွင် သူမ၏ ဝမ်းကွဲများနှင့် ​​ပျော်​ပျော်ရွှင်ရွှင် စကား​ပြော​နေသည်။ ထိုစဥ် သူမ ​လေလာ့ကို ​​တွေ့လိုက်ရ​သောအခါ နူးညံ့​သော အပြုံး​လေးနှင့် လှမ်းပြုံးပြသည်။

"နှုတ်ဆက်ပါတယ် ​လေလာ"

ကယ်​လော်ဒင်းက ပဲ ​လေလာ့ကိုစပြီး နှုတ်ဆက်စကား ဆိုလိုက်သည်။ သူမ ​ဘေးနားထိုင်​နေကြ​သော ​ကောင်​လေးများက ​လေလာ့ကို လှမ်းကြည့်​နေကြသည်။ ကံ​ကောင်းစွာဖြင့် ထိုလူ​တွေထဲ မြို့စားမင်း ဟားဟတ်ဒ်​တော့ ရှိမ​နေခဲ့။ ​လေလာ လည်းခပ်မြန်မြန်ပင် ဦးညွှတ်၍ က​ယ်​လော်ဒင်းဟာ နှုတ်​ဆက်ခဲ့​သော်လည်း ဒီတစ်ကြိမ်တွင် ကယ်​လော်ဒင်း ဟာနှုတ်ဆိတ်​နေခဲ့သည်။

သူတို့ကို ​ကျောခိုင်းပြီး သူတို့မြင်ကွင်းထဲက ​ပျောက်သွားသည့်အခါ ​လေလာ့ စပြေး​တော့သည်။ သူမ နှင့် အစိမ်းသက်သက်ဖြစ်​နေ​သော ထိုအသိုင်းအဝိုင်း ပတ်ဝန်းကျင်က အမြန်​ပြေးထွက်ပြီး ဦး​လေး​ဘေးလ်၏ အိမ်ပု​​လေးဆီပြန်​ရောက်နိုင်ဖို့ သူမ ဘယ်လိုမှမ​စောင့်နိုင်​တော့။ သို့​သော်လည်း သူမ၏ ဆု​တောင်းများ မပြည့်ခဲ့။

ပန်းခြံနားတစ်​​နေရာ လူ​လျှောက်လမ်းတွင် သူမ ​ချော်လဲကျသွားသည်။ သူမ လက်ထဲက အ​ခြွေ​စေ့​လေးလွတ်ကျသွားပြီး ​​လျှောက်လမ်းတစ်​လျှောက် လိပ်ဆင်းလျက် အမျိုးသားတစ်ဦး၏ ဖိနပ်နား​တွင် ရပ်တန့်သွားခဲ့သည်။ လည်​လျက်ရှိ​နေ​သော ထို​အ​ကြွေ​​စေ့​လေးကို သူမ မျက်​မှောင်ကြုံ့ကြည့်​နေစဥ် ထိုလူမှ သူ၏ဖိနပ်ထိပ်ဖြင့် ထိုလည်​နေ​သော အ​ကြွေ​စေ့ကို ဖိချလိုက်သည်။

မြို့စားမင်း၏ ​တေးဆိုငှက်​ငယ်Where stories live. Discover now